လက်ဘနွန်ဘက်မှ လာသော ဒုံးကျည်များ အစ္စရေးလေပိုင်နက်ထဲသို့ကျရောက်လာ သောကြောင့် အစ္စရေးမြောက်ပိုင်း နယ်စပ် ဒေသရှိ မြို့ကြီးများနှင့် မြို့ငယ်များတွင် အချက်ပေးသံများ ကျယ်လောင်စွာမြည်ခဲ့ သည်ဟု အောက်တိုဘာ ၁၁ ရက်တွင် အစ္စရေး စစ်တပ်က ထုတ်ပြန်ခဲ့သည်။
အကြီးစားတိုက်ခိုက်မှု ဖြစ်လာမည်ကို စိုးရိမ်သောကြောင့်ဘိတ်ရှန်း၊ ဆာဖက်၊ တီဘာရီးယားစသောမြို့ကြီးများတွင်နေ ထိုင်သူများ နောက်ထပ်ကြေညာချက် ထုတ်မထုတ်မချင်း အကာအကွယ်များ အောက်တွင်နေ ထိုင်ကြရန် အစ္စရေးစစ်တပ် ၏ Home front command က မေတ္တာ ရပ်ခံထားသည်။
လက်ဘနွန်နှင့်ထိစပ်နေသော ရက်စ်နာ ကူရာနယ်စပ်ဒသတွင် ဒုံးကျည်ဟုယူဆရ သောအရာကို တွေ့ရကြောင်း အစ္စရေးမီဒီ ယာက ဖော်ပြခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များ က ယင်းဒေသတွင် အမြင့်ဆုံးတပ်လှန့်ထား ပြီး အနီးဝန်းကျင်တွင်ရှာဖွေမှုများကိုလုပ် ဆောင်လျက်ရှိသည်ဟုဆိုသည်။
ထို့အပြင် လက်ဘနွန်ဘက်မှ ထိုးဖောက် စိမ့်ဝင်လာသူများနှင့်ပတ်သက်၍ အစ္စရေးမီ ဒီယာက အသေးစိတ်ဖော်ပြခြင်းမရှိပေ။
ဒုံးကျည်များ အစ္စရေးလေပိုင်နက်ထဲ ကျရောက်လာသည်ဟူသောသတင်းထွက် ပေါ်လာချိန်တွင် အေအက်ဖ်ပီသတင်းအဖွဲ့ သည် ဂါလီလီပင်လယ်၏ ကမ်းခြေတွင် တည် ရှိသော တီဘာရီးယားမြို့ကိုရောက်ရှိနေပြီး ချက်ချင်း အကာအကွယ်များအောက်ကို ပြေးဝင်ခဲ့ရသည်ဟုဆိုသည်။
ဟားမာ့စ်အဖွဲ့ခွဲတစ်ခုဖြစ်သော ezzedine al Qassam တပ်က အစ္စရေး မြောက်ပိုင်းရှိ ကမ်းရိုးတန်းမြို့ကြီးဟိုင်ဖာကို ဒုံးကျည်များဖြင့် ပစ်ခဲ့သည်ဟု ယင်းအဖွဲ့က ပြောကြားသည်။
အစ္စရေးစစ်တပ်က လက်ဘနွန်တောင် ပိုင်းရှိ အဆိုပါအုပ်စု၏ စောင့်ကြည့်ရေးစခန်း များကို တိုက်ခိုက်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။
အစ္စရေးစစ်တပ်က ဂိုလန်ကုန်းမြင့်ကို လက်နက်ကြီးများဖြင့် ပစ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၀ ရက်တွင် ဆီးရီးယားရှိစစ် သွေးကြွများနှင့် အစ္စရေးစစ်တပ်တို့ အပြန် အလှန်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
Ref: AFP
Photo: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
