ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမာ့စ်က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခြင်းအား တုံံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာကို လုံးလုံးပိတ်ဆို့ထားလိုက်ခြင်းသည် အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဥရောပသမဂ္ဂ(အီးယူ)နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဆက်ဘော်ရယ်က အောက်တိုဘာ ၁၀ ရက်တွင် အစ္စရေးအစိုးရကို စွပ်စွဲပြောကြားလိုက်သည်။
တိုက်ခိုက်မှု၏ ဂယက်ရိုက်မှုများကို ဆွေးနွေးသည့် အရေးပေါ်အစည်းအဝေးအပြီးတွင် ဘော်ရယ်က ပါလက်စတိုင်းအာဏာပိုင်အဖွဲ့အတွက် ဆက်လက်ပေးနေသော အကူအညီများကို အီးယူနိုင်ငံခြားရေးဝန် ကြီးအများစုက လှိုက်လှိုက်လှဲလှဲထောက်ခံ သည်ဟု ပြောကြားခဲ့သည်။ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့သည် အနောက်ဘက်ကမ်း ကို အုပ်ချုပ်လျက်ရှိသည်။
ဟန်ဂေရီသံတမန်ဖြစ်သော ဥရောပကော်မရှင်နာ အိုလီဗာဗာဟယ်ရီက ပါလက်စတိုင်းများအတွက် အီးယူဖွံ့ဖြိုးမှုအကူအညီအားလုံးကို ရပ်ဆိုင်ကြောင်း ပြောကြားပြီး နောက်တစ်ရက်အကြာတွင် ပါလက်စတိုင်း ကို ဆက်လက်ကူညီမည်ဟု ဘော်ရယ်က ပြောကြားလိုက်ခြင်းဖြစ်ပြီး အီးယူအစိုးရအဖွဲ့များထံမှ ဝေဖန်ခြင်းခံရပြီးနောက် ဥရောပကော်မရှင်အနေဖြင့် ၎င်း၏ထုတ်ပြန် ချက်ကို ၎င်းဘာသာရုပ်သိမ်းရမည်ဟု ဆို သည်။
ဘော်ရယ်က အိုမန်နိုင်ငံ မူးဆကတ်မြို့ တွင်ကျင်းပသည့် ဗီဒီယိုကွန်ဖရန့်ကို တက်ရောက်ရန် အစ္စရေးနှင့် ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးများကို ဖိတ်ကြားခဲ့သည်။
သို့ရာတွင် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ ဝန်ကြီးရီးယက်အယ်လ်မာလီကီ မိန့် ခွန်းပြောကြားလိမ့်မည်ဖြစ်သည့် ယင်းအစည်းအဝေးတွင် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အလီကိုဟန် တက်ရောက်ရန် ဆန္ဒမရှိသောကြောင့် အိုမန်အစည်းအဝေးကို နှစ်ဦးစလုံး တက်ရောက်မည်မဟုတ်ဟု တာဝန်ရှိသူများက ပြောကြားသည်။
အရပ်သားအများစုဖြစ်သည့် အစ္စရေး ၁,၀၀၀ ကျော်သေဆုံးခဲ့ရသည့် ဟားမာ့စ်တိုက်ခိုက်မှုများကို အီးယူက ရှုတ်ချသည်ဟု ဘော်ရယ်က ထပ်လောင်းပြောကြားခဲ့သည်။
သို့ရာတွင် တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ အနည်းဆုံးဂါဇာမြို့သား ၇၇၀ သေဆုံးထားသော အစ္စရေး၏ လက်တုံ့ပြန်မှုသည် နိုင်ငံတကာလူသားချင်း စာနာမှုဆိုင်ရာဥပဒေအတိုင်း ဖြစ်ရမည်ဖြစ်ပြီး ဂါဇာကို လုံးဝပိတ်ဆို့ထားရန် ဆုံးဖြတ်ချက်သည် ဤစံနှုန်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်သည်ဟု ဘော်ရယ်က ပြောကြားသည်။
“အစ္စရေးဟာ ကိုယ့်ဘာသာကိုယ် ကာကွယ်ခွင့်ရှိတယ်ဆိုပေမဲ့လည်း ဒီလိုကာကွယ်တာကို အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့အညီလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဆုံးဖြတ်ချက်အချို့ဟာ အပြည်ပြည်ဆိုင်ရာဥပဒေတွေနဲ့ ကွဲလွဲနေပါတယ်”ဟု အီးယူ အရေးပေါ်အစည်းအဝေးအပြီးတွင် ၎င်းက သတင်းထောက်များကို ပြောကြားသည်။
တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည့် ဂါဇာနှင့်အစ္စရေးတို့တွင် နိုင်ငံခြားသားများ ပိတ်မိလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံအချို့သည် ယင်းဒေသတွင် ပိတ်မိနေသော ၎င်းတို့၏နိုင်ငံသားများကို ပြန်လည်ခေါ်ယူရန် ဆောင်ရွက်လျက်ရှိပြီး အခြားနိုင်ငံများကလည်း ရက်ပိုင်းအတွင်း ၎င်းတို့၏ နိုင်ငံ သားများကိုပြန်လည်ခေါ်ယူရန် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံသားများကို ပြန်လည်ခေါ်ယူကြမည့်နိုင်ငံများမှာ အာဂျင်တီးနား၊ ဘရာဇီး၊ နိုင်ဂျီးရီးယား၊ ဆွစ်ဇာလန်၊ စပိန်၊ တောင်ကိုရီးယား၊ ကနေဒါ၊ ပြင်သစ်တို့ဖြစ်ကြောင်း သိရသည်။
ဂျူးလူဦးရေအများဆုံးရှိသော လက်တင်အမေရိကနိုင်ငံအာဂျင်တီးနားသည် ၎င်း၏နိုင်ငံသား ၁,၂၀၀ ကျော်ကို အစ္စရေးမှ ပြန်လည်ခေါ်ယူလျက်ရှိပြီး ဘရာဇီးကလည်း ၎င်း၏နိုင်ငံသား ၁၄,ဝဝဝကို အစ္စရေးမှ လည်းကောင်း၊ ၆,၀၀၀ ခန့်ကို ပါလက်စတိုင်းမှလည်းကောင်း ပြန်ခေါ်မည်ဖြစ်သည်။
Ref: Reuters, AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
