အစ္စရေးနှင့် ဟားမာ့စ်အကြား ပြင်းထန်သည့် တိုက်ခိုက်မှုများဖြစ်ပွားနေသည်မှာ ငါးရက်မြောက်နေ့သို့ ရောက်ရှိလာချိန်တွင် နှစ်ဖက်စလုံးတွင် သေဆုံးသူများ မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၁၁ ရက်တွင် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ပြင်းထန်စွာဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အောက်တိုဘာ ၇ ရက်က ဟားမာ့စ်စစ်သွေးကြွများ၏ အံအားသင့်ဖွယ် နယ်စပ် ဖြတ်ကျော်တိုက်ခိုက်မှုများကြောင့် အစ္စရေးတွင် သေဆုံးသူအရေအတွက် ၁၂၀၀ အထိ မြင့်တက်လာခဲ့ကာ ယင်းသည် အစ္စရေးနိုင်ငံ၏ ၇၅ နှစ်ကြာ သမိုင်းကြောင်းတွင် လူသေဆုံးမှုအများဆုံး တိုက်ခိုက်မှုဖြစ်ခဲ့သည်။
ဂါဇာဒေသတွင် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိခဲ့ကြောင်း ဂါဇာအရာရှိများက ပြောကြားခဲ့သည်။
ဟားမာ့စ်အဖွဲ့ကမူ ၎င်းတို့၏ ထိပ်သီးအရာရှိနှစ်ဦး သေဆုံးကြောင်း ထုတ်ပြန်ခဲ့ပြီး အစ္စရေးစစ်တပ်က ဟားမာ့စ်အဖွဲ့ဝင် ၁၅၀၀ ခန့်၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကမူ အစ္စရေးစစ်တပ်သည် ဟားမာ့စ်အဖွဲ့ကို ချေမှုန်းပြီး အရှေ့အလယ်ပိုင်းဒေသကို ပြောင်းလဲရန် ပြင်းထန်သည့်စစ်ပွဲတစ်ခုစတင်ပြီး လက်တုံ့ပြန်သွားမည်ဟု သတိပေးခဲ့သည်။
ထို့ပြင် အစ္စရေးသည် ဂါဇာဒေသအတွင်းသို့ မြေပြင်ထိုးစစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ဖွယ်ရှိနေမှုကြောင့် ဒေသတွင်း စစ်ပွဲအကြီးအကျယ်ဖြစ်ပွားစေမည့် စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။
အစ္စရေး၏ ညလုံးပေါက်လေကြောင်း တိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင်ဒေသအတွင်း သေဆုံးသူ ၃၀ ထက်မနည်းရှိခဲ့ပြီး လူပေါင်းရာချီဒဏ်ရာရခဲ့ကြောင်း ဟားမာ့စ်အရာရှိတစ်ဦးက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဂါဇာစီးတီးမြို့ရှိ ဟားမာ့စ်နှင့် ဆက်နွှယ်မှုရှိသည့် အစ္စလာမ်မစ်တက္ကသိုလ်၏ အဆောင်အချို့ ပျက်စီးခဲ့သည်ဟု တက္ကသိုလ်၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်ကမူ ညအချိန် တိုက်ခိုက်မှုများအတွင်း ဒါဇင်နှင့်ချီသည့် ဟားမာ့စ်ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်း အတည်ပြုခဲ့သည်။
အစ္စရေး၏ တိုက်လေယာဉ်များသည် ဟားမာ့စ်အဖွဲ့၏ ရန်ပုံငွေရှာရာတွင် အသုံးပြုသည့် ဘဏ်နှစ်ခုအပါအဝင် ဂါဇာကမ်းမြောင်ဒေသအရှေ့မြောက်ပိုင်း ဘီအစ်ဟာနွန်ဒေသရှိ ဟားမာ့စ်ပစ်မှတ် ၈၀ ကို တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးသည် ဂါဇာဒေသကို အလုံးစုံပိတ်ဆို့ခဲ့ကာ ထိုဒေသအတွင်းသို့ အစားအစာ၊ သောက်သုံးရေ၊ လျှပ်စစ်ဓာတ်အားနှင့် လောင်စာများထောက်ပံ့မှုကို ဆိုင်းငံ့ခဲ့သည်။
၂၀၀၇ ခုနှစ်ကတည်းက ဂါဇာကမ်း မြောင်ဒေသကို ထိန်းချုပ်ခဲ့သည့် ဟားမာ့စ်အဖွဲ့ကမူ လူ ၂၇၀ ဝန်းကျင်သေဆုံးခဲ့သည့် ဂီတဖျော်ဖြေပွဲအတွင်း ဖမ်းဆီးခံခဲ့ရသူများ အပါအဝင် အစ္စရေးတွင် ဖမ်းဆီးရမိထားသည့် ဓားစာခံများကို ကွပ်မျက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကမူ ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး အစ္စရေးကို စစ်ရေးအကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref: AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
