သမ္မတဂျိုးဘိုင်ဒင်က အောက်တိုဘာ ၁၀ ရက်တွင်ပြောကြားသော စိတ်ထိခိုက်စရာ ကောင်းသည့်မိန့်ခွန်းတွင်အမေရိကန်မဟာမိတ် အစ္စရေးကို ဟားမာ့စ်က တိုက်ခိုက်ခြင်းအား ‘ဆိုးရွားလွန်းသည့်လုပ်ရပ်’အဖြစ် ဝေဖန်ရှုတ်ချလိုက်ပြီး ၀ါရှင်တန်သည် ယင်းဒေသတွင် နောက်ထပ်စစ်လက်နက်ပစ္စည်းများ ပိုမိုချထားရန် အသင့်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။
ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမာ့စ်သည် မိသားစုအလိုက် သတ်ဖြတ်မှုများ၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်းများအပါအဝင် ရက်စက်ကြမ်းကြုတ်မှုများကို လုပ်ဆောင်ခဲ့သည်ဟု မခံမရပ်နိုင်ဖြစ်နေသော ဘိုင်ဒင်ကပြောကြားခဲ့ပြီး ကလေးများကို ပင်သတ်ခဲ့သည်ဟူသော စိတ်ပျက်စရာကောင်းသောသတင်းများကို မိန့်ခွန်းတွင် ထည့်ပြောသွားခဲ့သည်။
“ဒီဘဝမှာ အခိုက်အတန့်တွေရှိနေပါ တယ်။ အဲဒီအခိုက်အတန့်ကို တိတိကျကျ ပြောရမယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ လုံးလုံးမကောင်းတာဟာ ပွင့်အန်ထွက်နေတယ်ဆိုတာပဲဖြစ်ပါတယ်”ဟု ရုပ်သံထုတ်လွှင့်သော မိန့်ခွန်းတွင် ၎င်းက ပြောကြားသည်။
“ဒါဟာ အလွန်ဆိုးရွားတဲ့ လုပ်ရပ်ဖြစ်ပါ တယ်”ဟု သမ္မတဂျိုးဘိုင်ဒင်က ပြောကြားသည်။
အောက်တိုဘာ ၇ ရက် အလစ်အငိုက်တိုက်ခိုက်မှုအတွင်း အနည်းဆုံး အမေရိကန်နိုင်ငံသား ၁၄ ဦးသေဆုံးသွားကြောင်း ဘိုင်ဒင်က အတည်ပြုခဲ့ပြီး ဟားမာ့စ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသော အမေရိကန်နိုင်ငံသားများသည် အရေအတွက်တစ်ခုရှိနေသည်ဟု ဆိုသည်။ အစ္စရေးက ဂါဇာကို တိုက် ခိုက်မှုများ လုပ်ဆောင်ရာတွင် အရပ်သားများကို သတိပေးခြင်းမရှိပါက ဓားစာခံများကို သတ်ပစ်မည်ဟု ဟားမာ့စ်က ခြိမ်းခြောက်ထားသည်။
အနည်းဆုံး အမေရိကန်နိုင်ငံသား ၂၀ ပျောက်နေဆဲဖြစ်သည်ဟု သမ္မတဘိုင်ဒင်၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောကြားသည်။ ပျောက်နေသူများသည် စုစုပေါင်း ဓားစာခံအရေအတွက်မဟုတ်ဟု ဆိုသည်။
ဘိုင်ဒင်၏စကားများသည် အစ္စရေး၏ ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းမှုဖြစ်သည်ဟု ဟားမာ့စ်က တုံ့ပြန်ခဲ့သည်။
ဟားမာ့စ်၏ ပြင်းထန်သော တိုက်ခိုက်မှုအတွင်း အစ္စရေးဘက်၌ အနည်းဆုံးလူ ၉၀၀ ကျော်သေဆုံးထားချိန်တွင် ဘိုင်ဒင်၏မိန့်ခွန်းသည် အစ္စရေးကို အပြတ်သားဆုံးထောက်ခံ ကြောင်းပြသလိုက်သည့် မိန့်ခွန်းဖြစ်သည်။ အစ္စရေးလေကြောင်းတိုက်ခိုက်မှုများအတွင်း လူ ၉၀၀ သေဆုံးခဲ့သည်ဟု ဂါဇာတာဝန်ရှိသူများကလည်း ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ အစ္စရေးနိုင်ငံနဲ့အတူရပ်တည်ပါတယ်။ အစ္စရေးလိုအပ်တာတွေကို ကျွန်တော်တို့ ရအောင်လုပ်ပေးမှာဖြစ်ပါတယ်”ဟု ဒုတိယသမ္မတကာမာလာဟဲရစ်၊ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကင်တိုြ့ခံရံလျက် သမ္မတဂျိုးဘိုင်ဒင်က ကတိပြုခဲ့သည်။
အသက် ၈၀ နှစ်အရွယ်ရှိ သမ္မတသည် အစ္စရေး၌ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရပုံကို ထူးထူးခြားခြား ဂရပ်ဖစ်ပုံများဖြင့် ၎င်းပြောကြားသော အကြောင်းအရာများကိုလည်း မီးမောင်းထိုးပြသွားခဲ့သည်။
၁၀ မိနစ်ကြာမိန့်ခွန်းတွင် ဘိုင်ဒင်က ဂီတပွဲတော်၌ လူငယ်များ သတ်ဖြတ်ခံရမှုကိုလည်း ပြောကြားခဲ့သည်။ Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
