တောင်တရုတ်ပင်လယ်၏ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် သောင်ခုံအနီးတွင် ဖိလစ်ပိုင်ရေတပ်မှ တိုက်ရေယာဉ်တစ်စင်းကို မောင်းထုတ်ခဲ့ကြောင်း ဖော်ပြထားသည့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ ထုတ်ပြန် ချက်ကို ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ရိုမီယိုဘရော်နာက အောက်တိုဘာ ၁၀ ရက်တွင် ငြင်းဆိုခဲ့သည်။
“တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ အဲဒီနေရာမှာရှိခဲ့ပြီး စိန်ခေါ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ရေတပ်သင်္ဘောဟာ သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်း မောင်းနှင်နေပြီး မောင်းထုတ်ခံခဲ့ရခြင်းမရှိပါဘူး။ ပင်လယ်ရေကြောင်းကင်းလှည့်ရေး မစ်ရှင်ကိုပဲ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ တရုတ်ရဲ့ ၀ါဒဖြန့်မှုဖြစ်ပါတယ်”ဟု ဘရော်နာက သတင်းထောက်များကို ပြောကြားခဲ့သည်။
အစောပိုင်းက တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖိလစ်ပိုင်တိုက်ရေယာဉ်တစ်စင်းသည် ထပ်တလဲလဲ သတိပေးချက်များကို လျစ်လျူရှုခဲ့သဖြင့် စကာဘို ရော့သောင်ခုံအနီးမှ မောင်းထုတ်ရန် မရှိမ ဖြစ်စီမံချက်များကို လုပ်ဆောင်ခဲ့ရကြောင်း ဖော်ပြခဲ့သည်။
ထိုတိုက်ရေယာဉ်၏ လုပ်ဆောင်ချက်သည် နိုင်ငံတကာဥပဒေကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကန်ယုက ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၀ ရက်ကလည်း တောင်တရုတ်ပင်လယ်ရှိ သန္တာကျောက်တန်းတစ်ခုအနီးတွင် ရန်လိုမှုများကို ဆန့်ကျင်ကြောင်းနှင့် ထိုလုပ်ဆောင်ချက်များသည် တရုတ်၏ နယ်မြေအချုပ်အခြာပိုင်မှုနှင့် နိုင်ငံတကာ ဥပဒေကိုချိုးဖောက်ခြင်းဖြစ်ကာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အနှောင့်အ ယှက်ဖြစ်စေနိုင်သည်ဟု တရုတ်က ဖိလစ်ပိုင်ကို သတိပေးခဲ့သည်။
စကာဘိုရော့သောင်သည် အာရှ၏ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ပင်လယ်ရေကြောင်းနယ်နိမိတ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။
ထိုဧရိယာသည် ဖိလစ်ပိုင်၏ အထူးစီးပွားရေးဇုန်အတွင်း တည်ရှိသော်လည်း တရုတ်ကမူ ယင်းသောင်ခုံနှင့် အနီးတစ်ဝိုက်ရေ ပြင်များကို ၎င်းကပိုင်ဆိုင်ကြောင်း ကြေညာထားပြီး စကာဘိုရော့ကျွန်းကို ဟွန်ယန်ကျွန်း အဖြစ် ခေါ်ဆိုခဲ့သည်။
ထိုကျွန်းပိုင်ဆိုင်ရေးနှင့်ပတ်သက်ပြီး ၂၀၁၂ ခုနှစ်က ဖိလစ်ပိုင်နှင့် အငြင်းပွားမှုဖြစ် ပွားခဲ့ပြီးနောက် တရုတ်က ထိုကျွန်းကို ဆယ်စုနှစ်တစ်စုကျော်ကြာ ထိန်းချုပ်ခဲ့သည်။
ယခုလအစောပိုင်းကလည်း တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် သန္တာကျောက်တန်းပေါ်ရှိ ဖိလစ်ပိုင်စစ်သားများအတွက် ရိက္ခာများ သွားရောက်ပို့ဆောင်သည့် ဖိလစ်ပိုင် ထောက်ပို့သင်္ဘောလေးစင်းသည် ၎င်း၏ခွင့်ပြုချက်မရဘဲ စပရက်တလေကျွန်းစုများအနီးရှိ ရေပြင်များအ တွင်းသို့ ဝင်ရောက်ခဲ့သည်ဟု တရုတ်ကပြောကြားခဲ့ပြီး ထိုမစ်ရှင်ကို ဝေဖန်ရှုတ်ချခဲ့သည်။
ဖိလစ်ပိုင်သည် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် သန္တာကျောက်တန်းပေါ်တွင် ဒုတိယကမ္ဘာစစ်ကာလက သယ်ယူပို့ဆောင်ရေး သင်္ဘောတစ်စင်းကို ကျောက်ချရပ်နားထားပြီး ထိုသင်္ဘောပေါ်တွင် စစ်သည်များကို ဖြန့် ကြက်ခဲ့ကာ စစ်စခန်းတစ်ခုအဖြစ်ထားရှိခဲ့ ခြင်းဖြစ်သည်။
ထိုသင်္ဘောပေါ်ရှိ စစ်သားများအတွက် ရိက္ခာများပို့ဆောင်ပေးခဲ့ရာတွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များ၏ ပိတ်ဆို့ရန် ကြိုးပမ်းမှု များရှိခဲ့သည့်တိုင် ရိက္ခာများကို အောင်မြင်စွာပေးပို့နိုင်ခဲ့သည်ဟု ဖိလစ်ပိုင်က အောက်တို ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
