အစ္စရေးစစ်တပ်က ၎င်းတို့သည် ဂါဇာနယ်စပ်ကို ပြန်လည်ထိန်းချုပ်ထားသည်ဟု အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားလိုက်ပြီး ဟားမာ့စ်စစ်သွေးကြွများ၏ အောက်တိုဘာ ၇ ရက်အကြီးစားထိုးစစ်အတွင်းအတား အဆီးများ ဖြိုချခဲ့ရာနေရာများတွင်အစ္စရေးက မိုင်းများထောင်နေသည်ဟု ဆိုသည်။
အစ္စရေးတို့က သတိပေးခြင်းမရှိဘဲ ပါလက်စတိုင်းများနေထိုင်ရာနေရာများကို ဗုံးကြဲတိုင်း အစ္စရေး ဓားစာခံတစ်ဦးကိုသတ် ပစ်မည်ဟုဟားမာ့စ်တို့က ခြိမ်းခြောက်ခဲ့ပြီးနောက် အစ္စရေး၏ နောက်ဆုံးလေကြောင်း ထိုးစစ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အစ္စရေးစစ်တပ်က အရန်တပ်သား ၃၀၀,၀၀၀ ကိုလည်း ဆင့်ခေါ်ထားပြီး ဂါဇာကမ်းမြောင်ကို ပိတ်ဆို့ထားလိုက်ရာ အစ္စရေးဘက်က မြေပြင်ထိုးစစ်ဆင်လာမည့်ကို စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
လူ့အသက် ၁,၅၀၀ ကျော်ဆုံးရှုံးထားသည့် ပဋိပက္ခသည် အစ္စရေးကို ထောက်ခံကြောင်းနိုင်ငံတကာ ကြေညာချက်များ ချက်ချင်းထွက်ပေါ်လာစေခဲ့ပြီး ပါလက်စတိုင်းတို့ကိုထောက်ခံကြောင်း ဆန္ဒပြပွဲများပေါ် ပေါက်လာစေရုံသာမက စစ်ပွဲရပ်၍အရပ်သားများကို အကာအကွယ်ပေးရန်တောင်းဆိုမှုများကို ပေါ်ပေါက်စေခဲ့သည်။
ဟားမာ့စ်တိုက်ခိုက်မှုကြောင့် သေဆုံး အစ္စရေးနိုင်ငံသား အရေအတွက်သည် ၉၀၀ အထိရှိလာပြီး အနည်းဆုံး ၂,၆၀၀ ဒဏ်ရာရကာ အစ္စရေးနိုင်ငံသား အများအပြား ဓားစာခံများအဖြစ် ထိန်းသိမ်းခံထားရသည်ဟု အစ္စ ရေးရုပ်သံလိုင်းများက ဖော်ပြလျက်ရှိကြသည်။
အစ္စရေးဂီတပွဲပြုလုပ်နေသည့်နေရာ၌ အနည်းဆုံးအလောင်း ၂၆၀ ကို တွေ့ရှိခဲ့သည်ဟု အစ္စရေးကယ်ဆယ်ရေးအဖွဲ့ ဇာခါကပြောကြားသည်။ ဂီတပွဲတော်ကိုလာ ရောက်သူအချို့သည် ဓားစာခံများအဖြစ် ဖမ်းဆီးခံရသည်ကို လူမှုမီဒီယာတွင် တင်ထားသော ဗီဒီယိုများ၌ မြင်ရသည်။ အောက် တိုဘာ ၇ ရက်က ကျင်းပသည့် အစ္စရေးဂီတပွဲတော်ကို ဂါဇာစစ်သွေးကြွများက ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် အဆိုပါနေရာတွင် အနည်းဆုံးလူ ၂၆၀ သေဆုံးသွားသည်ဟုသိရပြီး သေဆုံးသူအများစုမှာ အစ္စရေးလူငယ်များဖြစ်သည်ဟု ဆိုသည်။
အောက်တိုဘာ ၉ ရက်ကတည်းက ဂါဇာဘက်မှ ထိုးဖောက်စိမ့်ဝင်မှုအသစ်များမရှိတော့ဟု အစ္စရေးစစ်တပ်ရေဒီယိုက ထုတ်လွှင့်သော မိန့်ခွန်းတွင် အစ္စရေးစစ်တပ် အကြီးအကဲ၏ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒန်နီရယ်ဟာဂါရီက ပြောကြားသည်။ သေနတ်သမားများက နယ်စပ်ဖြတ်ကျော် လိုဏ်ခေါင်းများ အသုံးပြုခဲ့သည်ဆိုသော ကောလာဟလများထွက်ပေါ်ခဲ့သည်ဆိုသော်လည်း အစ္စရေးစစ်တပ်က အဆိုပါ လိုဏ်ခေါင်းများကို မတွေ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဟားမာ့စ်စစ်သွေးကြွအဖွဲ့၏ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုဖြစ်ပွားပြီးချိန်တွင် အစ္စရေးက ပိတ်ဆို့ခံထားရသော ဂါဇာကမ်းမြောင်ကို လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ခြင်းကြောင် အနည်းဆုံးပါလက်စတိုင်း ၆၈၇ ဦးသေဆုံးခဲ့ပြီး ၃,၇၂၆ ဦးဒဏ်ရာ ရရှိထားသည်ဟု ဂါဇာကျန်းမာရေးဝန်ကြီး ဌာနက အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တိုက်ခိုက်ခံရသည့်နေရာများထဲတွင် တိုက်တန်းလျားများ၊ ဗလီတစ်ခု၊ ဆေးရုံများပါဝင်သည်ဟု ဆိုသည်။ တိုက်ခိုက်မှုများကြောင့် ကားလမ်းအချို့နှင့် အိမ်များပျက်စီးခဲ့သည်။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
