အစ္စရေးသည် ဟားမာ့စ်တိုက်ခိုက်မှုများ ကို ရင်ဆိုင်နေရသောကြောင့် လက်ဘနွန်စစ်သွေးကြွအဖွဲ့ဟစ်ဇဘိုလာသည် အစ္စရေးကို ဒုတိယမြောက်စစ်မျက်နှာဖွင့်သည့် ဆုံးဖြတ်ချက်အမှားကို မချမိသင့်ဟု အောက်တိုဘာ ၉ ရက်တွင် အကြီးတန်းအမေရိကန်တာဝန်ရှိသူတစ်ဦးက သတိပေးပြောကြားသည်။
“ကျွန်တော်တို့ဟာ အခုပဋိပက္ခမှာ ဟစ်ဇဘိုလာ ဆုံးဖြတ်ချက် ချတာတာမှားသွားမှာ ဒုတိယစစ်မျက်နှာဖွင့်လိုက်မှာကို တော်တော်လေးစိုးရိမ်နေပါတယ်”ဟု အမေရိကန်တာဝန်ရှိသူက သတင်းထောက်များကို ပြောကြားသည်။
၀ါရှင်တန်က အကြီးဆုံးလေယာဉ်တင် သင်္ဘောပါဝင်သော တိုက်ခိုက်ရေးသင်္ဘောအုပ်စုကို မြေထဲပင်လယ်အရှေ့ပိုင်းသို့ ဖြန့်ကြက်လိုက်ရသည့် အကြောင်းအရင်းတစ်ခုမှာ ဟစ်ဇဘိုလာကဲ့သို့ အီရန်ကျောထောက် နောက်ခံပေးထားသော အုပ်စုများကို အရိပ်ပြရန်ဖြစ်ပြီး အစ္စရေးကာကွယ်ရေးကို ထောက်ပံ့ရန် အမေရိကန်အစိုးရက၏လုပ်ဆောင်ချက်ကို ဟစ်ဇဘိုလာက စောဒကမတက်သင့်ဟု အမေရိကန်တာဝန်ရှိသူက ပြောကြားသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင်က ထုတ်ပြန်ချက်တွင် ၎င်းသည် USS Gerald R.Ford ပါဝင်သောတိုက်ခိုက် ရေးသင်္ဘောစုကို အစ္စရေးနိုင်ငံနှင့်ပိုနီးသော မြေထဲပင်လယ်အရှေ့ပိုင်းသို့ရွှေ့ထားရန် ညွှန်ကြားခဲ့သည်ဟု ဖော်ပြထားသည်။ အဆိုပါတိုက်ခိုက်ရေးသင်္ဘောအုပ်စုတွင် လေယာဉ်တင်သင်္ဘောတစ်စီး၊ ပဲ့ထိန်းဒုံး ကျည်တပ် ခရူဇာစစ်သင်္ဘောတစ်စီး၊ ပဲ့ထိန်း ဒုံးကျည်တပ်ဆင်ထားသောတိုက်ခိုက်ရေး သင်္ဘာလေးစင်းတို့ ပါဝင်နေသည်။
အစ္စရေးနှင့်ဟစ်ဇဘိုလာသည် ယခုသီတင်းပတ်အတွင်းတွင် အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သည်ဆိုသော်လည်း ၂၀၀၆ တွင် ၎င်းတို့ ဖြစ်ပွားခဲ့သည့် မီးကုန်ယမ်းကုန်စစ်ပွဲ ဖြစ်ပွားမည့်အနေအခြေအထိမရောက်ခဲ့ပေ။ အကယ်၍ အစ္စရေးနှင့် ဟစ်ဇဘိုလာတို့ စစ်ဖြစ်ပါက အစ္စရေးသည် စစ်မျက်နှာနှစ်ခုဖွင့်တိုက်ရမည့်အနေအထား ဖြစ်လာမည်ဖြစ်သည်။ ယင်းသို့ဖြစ်လာမည်ဆိုပါက အစ္စရေးစစ်တပ်သည် အားနည်းသွားမည်ဖြစ်သည်။
ဟစ်ဇဘိုလာက အစ္စရေးစစ်တန်းလျားနှစ်ခုကို ပစ်မှတ်ထားခဲ့ပြီးနောက် အစ္စရေးကို ပြန်လည်တိုက်ခိုက်ရာတွင် ဟစ်ဇဘိုလာ အဖွဲ့ဝင်နှစ်ဦးသေဆုံးသွားသည်ဟု အောက်တိုဘာ ၉ ရက်တွင် ယင်းအဖွဲ့က ပြောကြားသည်။
ဂါဇာတွင်ရှိသည့် ဟားမာ့စ်တပ်မှူးကြီး အနည်းငယ်ကသာ အစ္စရေးကို ဆင်နွှဲသည့် ထိုးစစ်အကြောင်းသိရှိကြသည်ဟု အောက်တိုဘာ ၉ ရက်တွင် အကြီးတန်းဟားမာ့စ် တာဝန်ရှိသူက ပြောကြားသည်။ ဂါဇာသည် စစ်ပွဲ အပြတ်အသတ်ရှုံးမည့်အနေအထား ဖြစ်လာမည်ဆိုပါက ဟားမာ့စ်၏မဟာမိတ် များဖြစ်သည့် အီရန်နှင့် ဟစ်ဇဘိုလာတို့ စစ်ပွဲထဲပါဝင်လာလိမ့်မည်ဟု ၎င်းက ပြောကြားသည်။
အစ္စရေးက ဂါဇာကိုလေကြောင်း ထိုးစစ်ဆင်လျက်ရှိပြီး ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကို လုံးလုံးပိတ်ဆို့ပစ်မည်ဟု ပြော ကြားထားချိန်တွင် ဟားမာ့စ်၏ ပြည်ပြေးခေါင်းဆောင်အဖွဲ့ဝင်ဖြစ်သော အလီဘာရက်က ဘေရွတ်မြို့ရှိ ၎င်း၏ရုံးတွင် အေပီသတင်းဌာနကို အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အမေရိကန်ကမူ မဟာမိတ်အစ္စရေးကို ထောက်ခံကြောင်း ထပ်တလဲလဲပြောကြားထားပြီး စစ်ရေးအကူအညီများလည်းပေးမည်ဟု ကတိပေးထားသည်။ အစ္စရေးစစ်တပ်အတွက် နောက်ထပ်အကူအညီများရောက် လာတော့မည်ဖြစ်ပြီး ရက်ပိုင်းအတွင်းတွင် အကူအညီများထပ်မံရောက်လာလိမ့်မည်ဟု အောက်တိုဘာ ၉ ရက်တွင် အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ်ဘင် ဂျမင်နေတန်ရာဟုကို ပြောကြားခဲ့သည်ဟု သိရသည်။ ၎င်းတို့နှစ်ဦးဖုန်းဆက်စကား ပြောရာတွင် သမ္မတဂျိုးဘိုင်ဒင်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်ဟု အိမ်ဖြူတော်ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
Ref: AFP, AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
