မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပဒေါကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင်နှင့် သားဖြစ်သူတို့ နှစ်ဦးမှာ ၎င်းတို့နေအိမ်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက် ည ၈ နာရီခန့်က နှီးပဒေါကျေးရွာနေ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ ဦးအောင်မင်းနိုင်နှင့် ၎င်းသားဖြစ်သူ မောင်သူရအောင်တို့နှစ်ဦး၎င်းမှာ နေအိမ်အတွင်းရှိနေစဉ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ နေအိမ်အတွင်းသို့ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “အဲ့ဒီညက ဦးအောင်မင်းနိုင်တို့အိမ်ဘက်ကနေ သေနတ်သံ လေးငါးခြောက်ချက်လောက်ကြတယ်။ ညဘက်ဆိုတော့ ဘယ်သူမှလည်း သွားမကြည့်ရဲကြဘူး။ မနက်ကျမှ ဦးအောင်မင်းနိုင်တို့သားအဖ နှစ်ဦးလုံးသေနတ်နဲ့ ပစ်သတ်ခံထားရတာကို သိကြရတာပါ” ဟု ပြောကြားသည်။
နှီးပဒေါကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်မင်းနိုင်နှင့် သားဖြစ်သူ မောင်သူရအောင်တို့နှစ်ဦးအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
ဧပြီ ၇ ရက် ညပိုင်းကလည်း မုဒုံမြို့နယ် ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်နေ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ နိုင်ထိန်ဝင်း (ခ) နိုင်မော့ နေအိမ်အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှ နိုင်ထိန်ဝင်း (ခ) နိုင်မော့နှင့် ၎င်း၏သားဖြစ်သူ မင်းသိန်းဉာဏ်တို့နှစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ပြီး နိုင်ထိန်ဝင်း (ခ) နိုင်မော့၏နောက်ထပ်သားတစ်ဦးမှာ သေနတ်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
