မြန်မာ့ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းသည် မြန်မာနိုင်ငံ၏ နေရာဒေသအချို့တွင် ဖြစ်ပေါ်နေသည့် ရေဘေးသင့်ပြည်သူများအား လှူဒါန်းရန် ကစားသမားဘဝ ပထမဆုံးရရှိသည့် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကို လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
မြန်မာနိုင်ငံ၏ နေရာဒေသအချို့တွင် ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် ယင်းဒေသများမှ ရေဘေးသင့်ပြည်သူများအား လှူဒါန်းရန် စီစဉ်နေခြင်းဖြစ်သည်။
ထွန်းထွန်းမင်းသည် ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် ''ကျွန်တော့်ဘဝမှာ ပထမဦးဆုံးရရှိခဲ့တဲ့ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရေဘေးသင့်နေကြတဲ့ ပြည်သူများအတွက် လေလံတင်ပြီး ရောင်းချပေးသွားမှာပါ။ ဒီခါးပတ်ရရှိဖို့ ကျွန်တော့်ရဲ့ အသက်နဲ့ရင်းပြီး ကြိုးစားခဲ့သလို ကျွန်တော် တန်ဖိုးထားမြတ်နိုးတဲ့ ခါးပတ်ဖြစ်နေပေမဲ့လည်း ရေဘေးသင့်ပြည်သူတွေနဲ့ ယှဉ်လာတဲ့အခါ ကျွန်တော့်မှာ ခံနိုင်ရည်မရှိတော့ပါဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီခါးပတ်ရဲ့ လေလံပွဲလေးကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လေလံပွဲမှာ အများဆုံးပေးနိုင်တဲ့သူကို ကျွန်တော့်ရဲ့ခါးပတ်ကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒီခါးပတ်ရဲ့ အလှူငွေကိုလည်း ကျွန်တော့်အတွက် တစ်ပြားတစ်ချပ် မကျန်အောင် အကုန်လှူဒါန်းသွားမှာပါ။ ဒီလေလံပွဲမှာ အများဆုံးပေးနိုင်တဲ့သူအနေနဲ့လည်း ရေဘေးသင့်သူတွေအတွက် အလှူလေးဖြစ်တာမို့ ကျွန်တော်နဲ့အတူတူ လှူဒါန်းချင်ပါတယ်ဆိုရင် ကျွန်တော့် ခါးပတ်ရဲ့ လေလံပွဲမှာ ပါဝင်ဆင်နွှဲအားဖြည့်နိုင်ပါတယ်။ ၎င်းလှူဒါန်းငွေ ရောင်းချရတဲ့ငွေကိုတော့ တစ်ပြားတစ်ချပ်မကျန် မီဒီယာမှတစ်ဆင့် အတိအလင်း ပေးအပ်လှူဒါန်းသွားမယ်ဆိုတဲ့အကြောင်း အများကျိုးအတွက် နှိုးဆော်လိုက်ပါတယ် ပရိသတ်ကြီး''ဟူ၍ ရေးသားထားသည်။
ယင်းလေလံပွဲအတွက် ဖုန်း ၀၉၇၇-၈၈၈၈၈၃၃ သို့ ဆက်သွယ်နိုင်ကြောင်း ထည့်သွင်းဖော်ပြထားပြီး လေလံပွဲကို ရက်ပိုင်းအတွင်း ပြုလုပ်မည်သည်။
ထွန်းထွန်းမင်းသည် မြန်မာ့ရိုးရာလက်ဝှေ့လောကတွင် အောင်မြင်မှုများစွာ ပိုင်ဆိုင်ခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး ၎င်း ရရှိထားသည့် အောင်မြင်မှုများအနက် တန်ဖိုးထားရသည့် ပထမဆုံးရရှိသော ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရေဘေးသင့်ပြည်သူများအတွက် လေလံတင်ရောင်းချခြင်းဖြစ်သည်။
ထွန်းထွန်းမင်းသည် စက်တင်ဘာ (၂၂)ရက် ရန်ကုန်မြို့တွင် ယှဉ်ပြိုင်ထိုးသတ်မည့် MLWC-9 မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် (၇)ချီ အထူးစိန်ခေါ်ပွဲအဖြစ် လူငယ်ဖိုက်တာ ကျော်စွာဝင်းနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး ယင်းပွဲအတွက် ပြင်ဆင်နေသည့်ကာလအတွင်း ရေဘေးသင့်ပြည်သူများအတွက် လေလံပွဲ ပြုလုပ်ပေးခြင်းဖြစ်သည်။
ထွန်းထွန်းမင်းသည် ယခုနှစ်အတွင်း ပထမဆုံးပွဲအဖြစ် ကျော်စွာဝင်းနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် ပွဲအချို့ ထိုးသတ်ခဲ့သည်။
ထွန်းထွန်းမင်းသည် မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားအဖြစ် ပွဲပေါင်းများစွာ ထိုးသတ်ဖူးသလို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆီးဂိမ်းစ်ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရာ ရွှေတံဆိပ်အပါအဝင် ဆုတံဆိပ်များ ရယူနိုင်ခဲ့သည်။
ထွန်းထွန်းမင်းသည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် (၇၁)ကီလိုတန်း ရွှေတံဆိပ်ဆုရယူနိုင်ခဲ့ပြီး ဆယ်နှစ်အကြာ ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ရယူနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
