အမေရိကန်အသင်း နည်းပြသစ် ပိုချက်တီနို တစ်နှစ်လစာ ဒေါ်လာခြောက်သန်း ရရှိမည်
24htopnews | September 13, 2024 9:12 AM CST
အမေရိကန်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခံရသည့် မော်ရီစီယိုပိုချက်တီနိုအနေဖြင့် တစ်နှစ်လစာ ဒေါ်လာခြောက်သန်းရရှိမည်ဖြစ်ကြောင်း သိရသည်။
ပိုချက်တီနိုသည် ချယ်လ်ဆီးအသင်းအား တစ်ရာသီသာ ကိုင်တွယ်ခွင့်ရပြီးနောက် ယခုနွေရာသီတွင် လမ်းခွဲထားသူဖြစ်သည်။
၎င်းသည် အမေရိကန်အသင်းအား အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ တာဝန်ယူကိုင်တွယ်ရမည်ဖြစ်ပြီး တစ်နှစ်လစာ ဒေါ်လာခြောက်သန်းရရှိမည်ဖြစ်သည်။
ယင်းပမာဏမှာ အမေရိကန်အသင်း သမိုင်းတစ်လျှောက် လစာအများဆုံးအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ပြီး နောက်ဆုံးကိုင်တွယ်ခဲ့သည့် ဂရက်ဘယ်ဟာတာမှာ ဒေါ်လာ ၂ ဒသမ ၃ သန်းသာ ရရှိခဲ့သည်။
ပိုချက်တီနိုသည် ယခင်က အက်စ်ပန်ညို၊ ဆောက်သမ်တန်၊ စပါး၊ PSG၊ ချယ်လ်ဆီး စသည့်ကလပ်အသင်းများကို ကိုင်တွယ်ခဲ့ဖူးသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
