၂၀၂၃-၂၀၂၄ ရာသီ ဥရောပရှိ ပြည်တွင်းလိဂ်ပွဲစဉ်များ၌ ပရိသတ်ကြည့်ရှုမှုအများဆုံးအဖြစ် မန်ယူအသင်း ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည့် ''European Club Talent and Competition Landscape'' အစီရင်ခံစာအရ ၂၀၂၃- ၂၀၂၄ ရာသီ ဥရောပရှိကလပ်အသင်းများအနက် ပြည်တွင်းလိဂ်ပွဲစဉ်များ၌ ပရိသတ်စုစုပေါင်း ၁၃၉၇၁၄၈ ဦးဖြင့် မန်ယူအသင်းက ပရိသတ်ကြည့်ရှုမှုအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီတွင် အဆင့် ၈ နေရာသာ ရပ်တည်နိုင်ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရပ်တည်မှုအနိမ့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သော်လည်း ကွင်းအတွင်း လာရောက်ကြည့်ရှုသည့် ပရိသတ်မှာ ဥရောပတွင် အများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းလိဂ် အိမ်ကွင်းပွဲစဉ်များ၌ ပရိသတ်ကြည့်ရှုမှု တစ်သန်းအထက်ရှိသည့်ကလပ် ၁၆ သင်းရှိပြီး ၎င်းတို့အနက် ဝက်စ်ဟမ်း၊ စပါး၊ အာဆင်နယ်၊ မန်စီးတီး၊ လီဗာပူးလ်စသည့် ပရီးမီးယားလိဂ်ကလပ်များပါဝင်ကြောင်း သိရသည်။
ပြည်တွင်းလိဂ်ပွဲစဉ်များ၌ တစ်ပွဲပျမ်းမျှ ပရိသတ်ကြည့်ရှုမှုအများဆုံးအဖြစ် ဒေါ့မွန်အသင်းက ၈၁၃၀၅ ဦးဖြင့် ရပ်တည်နိုင်ခဲ့သည်။
ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ၁၈ သင်းသာရှိသောကြောင့် ဒေါ့မွန်အသင်းအနေဖြင့် အိမ်ကွင်းပွဲစဉ် ၁၇ ပွဲသာ ယှဉ်ပြိုင်ကစားရပြီး ပရီးမီးယားလိဂ်၊ လာလီဂါနှင့် စီးရီးအေကလပ်များထက် ပွဲအရေအတွက် နှစ်ပွဲပိုနည်းကာ တစ်ပွဲပျမ်းမျှကြည့်ရှုမှုအများဆုံးအဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြိုင်ပွဲစုံတွင် ပရိသတ်ကြည့်ရှုမှုအများဆုံးအဖြစ် ဒေါ့မွန်အသင်းက ရပ်တည်နိုင်ခဲ့ပြီး ပရိသတ်စုစုပေါင်း ၁၉၅၁၇၄၅ ဦး အထိ လာရောက်ကြည့်ရှုခဲ့သည်။
အေစီမီလန်အသင်းက ၁၈၆၀၉၆၄ ဦးဖြင့် ဒုတိယ၊ မန်ယူအသင်းက ၁၈၃၄၂၉၁ ဦးဖြင့် တတိယနေရာ ရပ်တည်နိုင်ခဲ့သည်။
ပြိုင်ပွဲစုံတွင် ပရိသတ်ကြည့်ရှုမှုအများဆုံးလိဂ်အဖြစ် ပရီးမီးယားလိဂ်က ၁၄ ဒသမ ၇ သန်းဖြင့် ရပ်တည်နိုင်ခဲ့သော်လည်း ယခင် ၂၀၂၂-၂၀၂၃ ရာသီထက် လေးရာခိုင်နှုန်း လျော့ကျသွားသည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီ ပြည်တွင်းလိဂ်ပွဲစဉ်များ၌ ပရိသတ်ကြည့်ရှုမှု အများဆုံးဖြစ်ခဲ့သလို ဝင်ငွေစုစုပေါင်း ပေါင် ၆၆၁ ဒသမ ၈ သန်းဖြင့် စံချိန်တင်ခဲ့ကြောင်း သိရသည်။
စံချိန်တင် ဝင်ငွေရရှိသော်လည်း အရှုံးပမာဏမှာ ပေါင် ၁၁၃ ဒသမ ၂ သန်း အထိရှိပြီး ယခင် ၂၀၂၂-၂၀၂၃ ရာသီတွင် ပေါင် ၄၂ ဒသမ ၁ သန်း၊ ၂၀၂၁-၂၀၂၂ ရာသီ တွင် ပေါင် ၁၁၅ ဒသမ ၅ သန်း အရှုံးပေါ်ခဲ့သလို နောက်ဆုံးငါးရာသီတွင် အရှုံးပမာဏ စုစုပေါင်းမှာ ပေါင်သန်း ၃၇၀ အထိ ရှိနေပြီ ဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဘဏ္ဍာရေးစည်းမျဉ်း(PSR) အရ ကလပ်အသင်းများအနေဖြင့် သုံးနှစ်အတွင်း ပေါင် ၁၀၅ သန်းထက်ပို၍ အရှုံးပေါ်ခွင့်မရှိသော်လည်း အခြေခံအဆောက်အအုံ၊ အကယ်ဒမီနှင့် အမျိုးသမီးအသင်းများအတွက် ရင်းနှီးမြှုပ်နှံမှုကို ထုတ်နုတ်ခံစားခွင့်ပြုထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
