တောင်ကိုရီးယားဆိပ်ကမ်းတစ်ခုသို့ အမေရိကန်၏ USS Ronald Reagan လေယာဉ်တင်သင်္ဘောတစ်စင်း ရောက်ရှိလာမှုကို မြောက်ကိုရီးယားက အောက်တိုဘာ ၁၃ ရက်တွင် ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး ထိုလုပ်ဆောင် မှုသည် အမေရိကန်အနေဖြင့် အလားအလာရှိသည့် နျူကလီးယား စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ၏ အရေးအကြီးဆုံးအဆင့်သို့ ရောက်ခဲ့သည့်အခြေအနေကို ပြသရာရောက်ကြောင်း ပြောကြားခဲ့သည်။
နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီးသည် ယခုသီတင်းပတ်အစောပိုင်းက တောင်ကိုရီးယား၊ ဂျပန်တို့နှင့် နှစ်ရက်ကြာ ပင်လယ်ရေကြောင်းဆိုင်ရာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီးနောက် လက်ရှိတွင် တောင်ကိုရီးယား၏ ဘူဆန်မြို့ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် အဆိုပါလေယာဉ်တင်သင်္ဘောသည် မြောက်ကိုရီးယားကို သတိပေးရန် ရည်ရွယ်သည့်အနေဖြင့် လေးနှစ်ဝန်းကျင်အတွင်း ပထမဆုံးအကြိမ်အဖြစ် အခြားစစ်သင်္ဘောများနှင့်အတူ တောင်ကိုရီးယားသို့ လာရောက်ခဲ့ဖူးသည်။
မြောက်ကိုရီးယား၏ မှောင်ခိုသင်္ဘောများကို ကြားဖြတ်ဟန့်တားသည့်ပုံစံဖြင့် သရုပ်ဖော်လေ့ကျင့်ခဲ့သည့် ထိုစစ်ရေးလေ့ကျင့်မှုများသည် သိသာသည့် စစ်ရေးရန်စမှုဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မကြာသေးမီက ပြုလုပ်ခဲ့သည့် အမေရိကန်နှင့် တောင်ကိုရီးယား၏ Ulchi Freedom စစ်ရေးလေ့ကျင့်မှုများအပြီးတွင် ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယား၏ သုံးပွင့်ဆိုင် စစ်ရေးလေ့ကျင့်မှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
လာမည့် သီတင်းပတ်တွင်လည်း နောက်ထပ်စစ်ရေးလေ့ကျင့်မှုများပြုလုပ်မည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့(JCS)က ကြေညာခဲ့သည်။
မြောက်ကိုရီးယားကမူ အမေရိကန်၏ လုပ်ဆောင်မှုများသည် တစ်ဖက်နှင့်တစ်ဖက် ထိပ်တိုက်တွေ့နေပြီး ကြီးမားသည့် စစ်အင်အားများနှင့် နျူကလီးယားလက်နက်များရှိနေသည့် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် စစ် ပွဲဖြစ်ပွားစေနိုင်ကြောင်း KCNA က ထုတ်ပြန်ခဲ့သည်။
အမေရိကန်က ရေငုပ်သင်္ဘောများနှင့် ဗုံးကြဲလေယာဉ်များ အပါအဝင် မဟာဗျူဟာ မြောက် စစ်လက်နက်ပစ္စည်းများကို အာရှ- ပစိဖိတ်ဒေသ၌ ဖြန့်ကြက်မှုအပေါ် မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက အောက်တိုဘာ ၁၀ ရက်တွင် ဝေဖန်ပြစ်တင်ခဲ့ပြီး မြောက်ကိုရီးယား၏ ထောက်လှမ်းရေး ဂြိုဟ်တုအစီအစဉ်သည် မရှိမဖြစ်အရေးပါသည်ဟုလည်း ကာကွယ်ပြောဆိုခဲ့သည်။
သြဂုတ် ၂၄ ရက်က ဂြိုဟ်ပတ်လမ်းထဲသို့ ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်ရန် မြောက်ကိုရီးယား၏ ဒုတိယအကြိမ်ကြိုးပမ်းအတွင်း လွှတ်တင်မှု တတိယအဆင့်တွင် ဒုံးပျံ၏ အဟုန်မြှင့်ဒုံးစက်၌ ချွတ်ယွင်းမှုဖြစ်ပေါ် ခဲ့ခြင်းကြောင့် အောင်မြင်ခဲ့ခြင်းမရှိကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီး မြောက်ကိုရီးယား၏ အာကာသဆိုင်ရာ တာဝန်ရှိသူများကမူ အောက်တိုဘာလထဲတွင် နောက်တစ်ကြိမ်ကြိုးပမ်းသွားမည်ဟု ကတိပြုထားသည်။
မေလနှောင်းပိုင်းက မြောက်ကိုရီးယား၏ ပထမဆုံးအကြိမ် ကြိုးပမ်းမှုတွင်လည်း စစ်ဘက်သုံး ထောက်လှမ်းရေးဂြိုဟ်တုကို သယ်ဆောင်သွားသည့် Chollima-1 ဒုံးပျံယာဉ်သည် လွှတ်တင်ပြီးမကြာမီတွင် ပင်လယ်ထဲသို့ ပျက်ကျခဲ့ခြင်းကြောင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို စောင့်ကြည့်ရာတွင် ပိုမိုအားကောင်းစေမည့် အာကာသအခြေပြု စောင့်ကြည့်ရေးစနစ်များ ပိုင်ဆိုင်နိုင်ရေးအတွက် ခေါင်းဆောင်ကင်ဂျုံအွန်၏ တွန်းအားပေးလုပ်ဆောင်မှုကို အဟန့်အတားဖြစ်စေခဲ့သည်။
မြောက်ကိုရီးယားသည် နိုင်ငံတကာ၏ ပိတ်ဆို့မှုများကို ဖီဆန်ပြီး ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှုများကို စံချိန်တင် ပြုလုပ်ခဲ့သည်။
Ref: AFP/Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
