အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ဆီးရီးယားနိုင်ငံ၏လေဆိပ်ကြီးနှစ်ခုသည် အောက်တိုဘာ ၁၂ ရက်တွင် လေယာဉ်များ အတက်အဆင်းလုပ်၍မရတော့ဟုဆီးရီးယားအစိုးရ ရုပ်သံကသတင်းဖော်ပြခဲ့ပြီး ယခုတိုက်ခိုက်မှုများသည်အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်စစ်သွေးကြွများက အစ္စ ရေးကိုတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဆီးရီးယား လေဆိပ်များ ကို အစ္စရေး၏ပထမဆုံး တိုက် ခိုက်မှုများဖြစ်လာသည်။
အစ္စရေးတိုက်ခိုက်မှုများသည် ဆီးရီးယားအစိုးရက ထိန်းချုပ်ထားသော မြို့တော် ဒမတ်စကတ်နှင့် မြောက်ပိုင်းမြို့ကြီး အလက်ပိုတို့ရှိ လေဆိပ်တို့၌ လေယာဉ်များအတက် အဆင်းလုပ်၍မရသည့်အနေအထားကို ဖြစ် ပေါ်စေခဲ့သည်ဟု အမည်မဖော်လိုသော စစ် ရေးသတင်းအရင်းအမြစ်ကို ကိုးကား၍ဆီး ရီးယားအစိုးရမီဒီယာက ဖော်ပြခဲ့သည်။
တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုများက အဆိုပါလေဆိပ်နှစ်ခုရှိ လေယာဉ်ပြေးလမ်း များကို ပျက်စီးစေသောကြောင့်ပြေးလမ်း များကို အသုံးပြု၍မရတော့ဟု ဆိုသည်။
ထို့ကြောင့် လေကြောင်းခရီးများကို မြေ ထဲပင်လယ်ကမ်းရိုးတန်းရှိ လာတာကီးယား လေဆိပ်သို့ လမ်းကြောင်းပြောင်းလိုက်ရ သည်ဟု ဆီးရီးယား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဂျာမနီနိုင်ငံဆိုင်ရာအစ္စရေးသံအမတ် ရွန်ပရိုဆာက ဒမတ်စကတ်လေဆိပ်ကို တိုက် ခိုက်သည်ဟု အတည်ပြုပြောကြားခဲ့ပြီး အီရန် မှ လက်နက်ပို့ဆောင်မှုများကို ဟန့်တား ရန် ရည်ရွည်ခြင်းဖြစ်သည်ဟု ဆိုသည်။
“အဲဒီလေဆိပ်ကနေပို့တဲ့ ဒုံးကျည်တွေ နဲ့ ဒရုန်းတွေကို အစ္စရေးကို တိုက်ခိုက်ရာမှာ အသုံးပြုနေတာဖြစ်ပါတယ်” ဟု ဂျာမနီရုပ် သံလွှင့်ဌာန Die Welt နှင့်အင်တာဗျူးတွင် သံအမတ်က ပြောကြားခဲ့သည်။
အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ် သေနတ်သမား ရာပေါင်းများစွာက ဂါဇာမှ တစ်ဆင့်နယ်စပ်ကို ဖြတ်ကျော်၍ အစ္စရေး ကို စီးနင်းတိုက်ခိုက်သောကြောင့် အစ္စရေး၌ အရပ်သားအများစုဖြစ်သည့် လူ ၁,၃၀၀ ကျော်သေဆုံးခဲ့ပြီးနောက် ဟားမာ့စ်နှင့်အစ္စ ရေးတို့ ခြောက်ရက်ဆက်တိုက် အပြန်အလှန် ပစ်ခတ်နေကြစဉ် ဆီးရီးယားလေဆိပ်များကို အစ္စရေး တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ် သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန် တိုနီဘလင်ကင် အစ္စရေးနိုင်ငံကို ရောက်ရှိ လာချိန်တွင် အစ္စရေးက ဆီးရီးယားလေဆိပ် ကြီးနှစ်ခုကို တိုက်ခိုက်ခြင်းဖြစ်သည်။ ထို့အ ပြင် အီရန်သမ္မတအီဗရာဟင်ရိုင်ဆီနှင့် ဆီး ရီးယားသမ္မတဘာရှာအာဆတ်တို့ ဖုန်းဖြင့် စကားပြောရာတွင် အာရပ်နိုင်ငံများနှင့် အစ္စ လာမ်မစ်နိုင်ငံများက အစ္စရေးကို ရင်ဆိုင်ရာ တွင် ပူးပေါင်းလုပ်ဆောင်ရေးကိစ္စကို ပြော ကြားခဲ့ပြီးနောက် ဆီးရီးယားလေဆိပ်များကို အစ္စရေး၏ နောက်ဆုံးတိုက်ခိုက်မှုများဖြစ် ပေါ်လာခြင်းဖြစ်သည်။
အီရန်၏ အစီအစဉ်များကို မြှင့်တင်ရေး အတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူဆိန် အမီးအဗ္ဗဒူလာဟီရန်သည် အီရတ်၊ လက်ဘ နွန်တို့အပါအဝင်ဒေသတွင်းကိုသွားရန် စီ စဉ်ထားရာ အောက်တိုဘာ ၁၂ ရက်တွင် ၎င်းသည် အီရတ်ကို ရောက်ရှိလာသည်။
လေဆိပ်များကို တိုက်ခိုက်မှုသည် ဂါဇာ ပဋိပက္ခကို အစ္စရေးက အာရုံလွှဲရန် အသည်း အသန်ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်ဟု ဆီးရီး ယားစစ် ဘက်သတင်းများက ထုတ်ဖော် ပြော ကြားခဲ့ကြသည်။ ယင်းတိုက်ခိုက်မှုများကို ဆီး ရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
