ဟားမာ့စ်အဖွဲ့သည် မြောက်ကိုရီးယား၏ လက်နက်များကိုအသုံးပြုပြီး အစ္စရေးကို တိုက်ခိုက်နေသည်ဟု ဖော်ပြထားသည့် သတင်းများကို မြောက်ကိုရီးယားက အောက်တိုဘာ ၁၃ ရက်တွင် ငြင်းဆိုခဲ့သည်။
အချို့မီဒီယာများ၏ သတင်းဖော်ပြချက်များသည် အစ္စရေး-ဟားမာ့စ် စစ်ပွဲနှင့်ပတ်သက်ပြီး တတိယနိုင်ငံအပေါ် အပြစ်ပုံချရန် အမေရိကန်၏ အားထုတ်ကြိုးပမ်းမှုဖြစ်သည်ဟု မြောက်ကိုရီးယားက ပြောကြားခဲ့သည်။
ဟားမာ့စ်အဖွဲ့သည် မြောက်ကိုရီးယားလက်နက်များကို အသုံးပြုနေဖွယ်ရှိပြီး ထွက်ပေါ်လာသည့် ဗီဒီယို မှတ်တမ်းများတွင် ဟားမာ့စ်တို့သည် မြောက်ကိုရီးယားနိုင်ငံကထုတ်လုပ်ခဲ့သည်ဟု ယူဆရသော ဒုံးပစ်လောင်ချာတစ်ခုကို ပြသခဲ့သည်ဟု စစ်ရေးကျွမ်းကျင်သူများ၏ ပြောကြားချက်ကိုကိုးကားပြီး RFA သတင်းဌာနက ယခုသီတင်းပတ်အတွင်း ဖော်ပြခဲ့သည်။
ထို့ပြင် အမေရိကန်အစိုးရပိုင် VOA သတင်းဌာနကလည်း ဟားမာ့စ်တို့ အသုံးပြုနေသည့် လက်နက်များသည် မြောက်ကိုရီးယားက ပြုလုပ်ခဲ့သည့် လက်နက်များဖြစ်နိုင်သည်ဟု ထောက်လှမ်းရေး အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။
သို့သော် မြောက်ကိုရီးယားကမူ အဆိုပါသတင်းများကို ငြင်းဆိုခဲ့ပြီး အမေရိကန်အစိုးရ၏ လက်အောက်ခံမီဒီယာများသည် သတင်းအမှားများကို ဖြန့်နေကြောင်းနှင့် အမေရိကန်၏ ဗိုလ်ကျကြီးစိုးရေး မူဝါဒကြောင့် ဖြစ်ပွားလာခဲ့သည့် အရှေ့အလယ်ပိုင်းပဋိပက္ခကို အခြားနိုင်ငံအပေါ် အပြစ်ပုံချရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
