ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ကျေးရွာများမှ ရေဘေးသင့်ပြည်သူ (၃၆၀၀) ကျော် ကယ်ဆယ်နိုင်ခဲ့ပြီး အသက်ဆုံးရှုံးသူ (၁၉)ဦး အထိ ရှာဖွေတွေ့ရှိထားကြောင်း နေပြည်တော် မီးသတ်ဦးစီးဌာနမှ သိရသည်။
နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျဉ်းမနားမြိုနယ်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် ရေများဝင်ရောက်လျက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေပြည်တော် မီးသတ်ဦးစီးဌာန ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ (၁၂) ရက်က တပ်ကုန်းနှင့် မကျီးပင်မှ (၁၅၀)ဦး၊ ရွာသစ်ကျေးရွာနှင့် အနော်ရထာရပ်ကွက်မှ (၁၂၉)ဦး၊ နေရောင်ပြအင်း၊ ဘဲကုန်းရွာ၊ ပုဗ္ဗနှင့် ဝက်အင်းရွာမှ (၁၂)ဦး၊ အေးမြင့်သာယာ၊ စက်ကုန်းရွာ၊ တန်ပိုစုရွာ၊ ချောင်းစောက်ရွာနှင့် ပေါက်တောရွာတို့မှ (၇၀၅)ဦး ကယ်ဆယ်နိုင်ခဲ့သည်။
ထို့ပြင် ပျဉ်းမနားနှင့် မအူပင်ရွာမှ (၂၄)ဦး၊ ပျဉ်းမနားသကြားစက်၊ ဘုန်းကြီးကျောင်း၊ ညောင်ပင်သာရွာ၊ သနပ်ရှေ့ရွာနှင့် ကျွန်းဦးရွာမှ (၆၅၁)ဦး၊ ဝက်ကုန်းနှင့် ပေါက်တောရွာမှ (၃၉၉)ဦး၊ ပုဗ္ဗသီရိတောက်ထိန်ရွာမှ (၂၀)ဦး၊ ကင်းသာလမ်းခွဲနှင့် ပင်လောင်းလမ်းဆုံမှ (၁၈)ဦး၊ ရွာသစ်ကျေးရွာမှ (၅၇)ဦး၊ ဘုရင့်နောင်ရပ်ကွက်နှင့် ဘိုးဘွားရိပ်သာမှ (၃၀)ဦး၊ မကျီးပင်ကျေးရွာမှ (၄၈၂)ဦး၊ မကျီးပင်အုပ်စုနှင့် ညောင်ပင်သာရွာမှ (၂၅၈)ဦး၊ ကျီးဖြူရိုး ၊ ဆင်သေ၊ ဈေးကုန်း၊ နှမ်းတော၊ သစ်ဆိမ့်ပင်၊ ဇီးဖြူပင်၊ နတ်သူရဲနှင့် ပေါစံခေါရွာတို့မှ (၄၄၇)ဦး၊ လယ်ဝေး၊ ဟေမာန်ကျေးရွာနှင့် သစ်စိမ်းကျေးရွာတို့မှ (၁၅၀)ဦး၊ ကွမ်းခြံကျေးရွာမှ (၇၀)ဦး၊ စုစုပေါင်း နေရာ(၃၀)တို့မှ ရေဘေးသင့်ပြည်သူ (၃၆၀၂) ဦးတို့အား ရေဘေးလွတ်ရာနေရာများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးသူ အမျိုးသား (၆)ဦး၊ အမျိုးသမီး (၁၃)ဦး၊ စုစုပေါင်း(၁၉)ဦး ဆယ်ယူရရှိထားကြောင်း ကနဦးသတင်းရရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများကို ယာယီ ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံတဝန်း ရေကြီး/ရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည့် နေရာဒေသများသို့ ရန်ကုန်၊ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းများနှင့် ပရဟိတအဖွဲ့ အသီးသီးက မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်း၍ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။









-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
