မန္တလေးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရက်ဆက်ရွာသွန်းမှုကြောင့် မိတ္ထီလာ-တောင်ကြီးသွား ကားလမ်းနှင့် သာစည်မြို့နယ်အတွင်းနေရာအချို့၌ လမ်းပိုင်းရေကျော်မှုဖြစ်ပွားနေ၍ အန္တရာယ်ကင်းစေရေး ယာဉ်အသွားအလာများရပ်တန့်ထားရကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
သာစည်မြို့နယ်၌ စက်တင်ဘာ (၁၀) ရက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိတ္ထီလာ-တောင်ကြီး ကားလမ်းပိုင်းနေရာအချို့ လမ်းရေကျော်မှုနှင့် လမ်းသားပဲ့ကျမှုများဖြစ်ပွားနေ၍ အန္တရာယ်ကင်းစေရေး ယာဉ်အသွားအလာများ ရပ်တန့်ထားရကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းအား မြို့နယ် လမ်းဦးစီးဌာနနှင့် တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေး ကုမ္ပဏီတို့က ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ရေကျော်မှုများဖြစ်ပွားရာတွင် မိုင်တိုင် (၂၁/ဝ-၂၁/၃) အထိ (၃) ဖာလုံခန့်၊ မိုင်တိုင် (၂၂/၆-၂၂/၇) အတွင်း (၁) ဖာလုံခန့်၊ မိုင်တိုင် (၄၅/၄-၄၅/၇) အတွင်း (၂) ဖာလုံခန့်တွင် ရေအမြင့် (၂) ပေခန့်နှင့် မိုင်တိုင် (၄၃/၆-၄၃/၇) အတွင်း (၁) ဖာလုံခန့်တွင် ရေအမြင့် (၄) ပေခန့် လမ်းပေါ်ရေကျော်နေကြောင်း သိရသည်။
ထို့ပြင် မိုင်တိုင် (၂၈/၄-၂၈/၅) အတွင်း (ယာဘက်) အလျား (၂) ပေ အကျယ် (၃) ပေခန့်၊ မိုင်တိုင် (၄၀/ဝ-၄၀/၃) အတွင်း (ဝဲဘ က်) အလျား (၂.၅) ဖာလုံ အကျယ် (၅) ပေခန့်၊ မိုင်တို င် (၄၅/၇၄၆/ဝ) အတွင်း (ဝဲဘက်) အလျား (၁၅၀) ပေ အ ကျယ် (၅) ပေခန့်၊ မိုင်တိုင် (၄၆/၁-၄၆/၃) အတွင်း (ဝဲဘက်) အလျား (၂) ဖာလုံခန့် အကျယ် (၆) ပေခန့်နှင့် မိုင်တိုင် (၄၇ /၂-၄၇/၃) အတွင်း (ဝဲဘက်) အလျား (၃၀၀) ပေခန့်အကျယ် (၁၄) ပေခန့်တို့တွင် ကတ္တရာလမ်းသားများ ပဲ့ကျလျက်ရှိကြောင်း သိရသည်။
မိုင်တိုင် (၄၂/၂-၄၂/၃) အတွင်း (၂၅) ပေခန့်နှင့် မိုင်တိုင် (၄၇/၄-၄၇/၅) အတွင်း (၃၀) ပေခန့် တောင်ပြိုမြေများအား ရှင်းလင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။
အလားတူ ပျော်ဘွယ် – ဘုရားငါးဆူလမ်းတွင် လမ်းပိုင်းရေကျော်မှုနှင့် လမ်းသားပဲ့ကျမှုများဖြစ်ပွားခဲ့ရာ မိုင်တိုင် (၁၀/ဝ-၁၀/၃) အတွင်း (၃) ဖာလုံခန့်တွင် ရေအမြင့် (၂) ပေခန့် လမ်းပေါ်ရေကျော်လျက်ရှိပြီး မိုင်တိုင် (၁၁/၅-၁၁/၆) အတွင်း (၁) ဖာလုံခန့်တွင် ရေအမြင့် (၉) လက်မခန့် လမ်းပေါ်ရေကျော်လျက်ရှိကြောင်း သိရသည်။
ယာဂီမုန်တိုင်း လက်ကျန်လေပွေလှိုင်းအရှိန်ကြောင့် နိုင်ငံတဝန်း စက်တင်ဘာ (၁၀) နံနက်ပိုင်းမှစတင်၍ ရေကြီး ရေလျှံမှုများနှင့် ရင်ဆိုင်နေရပြီး၊ လမ်းပိုင်းအချို့တွင်လည်း မြေပြိုခြင်း လမ်းရေကျော်ခြင်းများ ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
