ထိုင်း နိုင်ငံတွင် ကာလတိုသင်တန်းများ လာရောက်တက်ရောက်နေသူများအတွက် ဗီဇာသက်တမ်း တိုးပေးတော့မည် မဟုတ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ကြေညာသည်။
ထိုင်းနိုင်ငံတွင် ထိုင်းဘာသာစကားသင်တန်း(ကာလတို)၊ ဆရာများ အတွက် အင်္ဂလိပ်စာ သင်တန်း(ကာလတို) စသည့်သင်တန်းများ အတွက် Non-ED ဗီဇာရယူပြီး virtual format ပုံစံဖြင့် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများ ရှိသည်။
လက်ရှိတွင် ယင်းသို့တက်ရောက်သူ များပြားလာသဖြင့် စက်တင် ဘာ ၁၆ ရက်မှ စတင်ပြီး ကာလတိုသင်တန်းတတ်ရောက်သူများကို PE Type နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအား မြန်မာ သံရုံး ဘန်ကောက်မြို့နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချင်းမိုင်မြို့ တို့၌ ဆောင်ရွက်ပေးတော့မည်မဟုတ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ဘွဲ့လွန် ၊ ဘွဲ့ကြို ၊ မူလတန်းနှင့် အလယ်တန်း တတ်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် PE နိုင်ငံကူးလက်မှတ်လဲလှယ်ခြင်းကို ယခင်အတိုင်း ဆောင်ရွက်ပေးမည်ဟု သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
