■ အာဂျင်တီးနား - ခရိုအေးရှား (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၄ ရက် နံနက် ၁း၃၀ နာရီ)
အချိန် - ဗုဒ္ဓဟူးနေ့ နံနက် ၁း၃၀ နာရီ၊ ကစားမည့်ကွင်း - Lusail Stadium
◘ ထိပ်တိုက်တွေ့ဆုံမှု
၁၉၉၄ ခရိုအေးရှား ၀-၀ အာဂျင်တီးနား ခြေစမ်းပွဲ
၁၉၉၈ အာဂျင်တီးနား ၁-၀ ခရိုအေးရှား ကမ္ဘာ့ဖလား
၂၀၀၆ ခရိုအေးရှား ၃-၂ အာဂျင်တီးနား ခြေစမ်းပွဲ
၂၀၁၄ အာဂျင်တီးနား ၂-၁ ခရိုအေးရှား ခြေစမ်းပွဲ
၂၀၁၈ အာဂျင်တီးနား ၀-၃ ခရိုအေးရှား ကမ္ဘာ့ဖလား
◘ Curret Form
အာဂျင်တီးနား L W W W W
ခရိုအေးရှား D W D W W
◘ ဆီမီးဖိုင်နယ်သို့ ဖြတ်သန်းမှု
အုပ်စု အာဂျင်တီးနား ၁-၂ ဆော်ဒီအာရေဗျ မော်ရိုကို ၀-၀ ခရိုအေးရှား
အာဂျင်တီးနား ၂-၀ မက္ကဆီကို ခရိုအေးရှား ၄-၁ ကနေဒါ
ပိုလန် ၀-၂ အာဂျင်တီးနား ခရိုအေးရှား ၀-၀ ဘယ်လ်ဂျီယံ
၁၆ သင်း အာဂျင်တီးနား ၂-၁ သြစတြေးလျ ဂျပန် ၁(၁)-၁(၃) ခရိုအေးရှား
ကွာတား နယ်သာလန် ၂(၃)-၂(၄) အာဂျင်တီးနား ခရိုအေးရှား ၁(၄)-၁(၂) ဘရာဇီးလ်
ခရိုအေးရှားအသင်းရဲ့ အားက တစ်သင်းလုံးအားဖြစ်ပြီး အာဂျင်တီးနားက မက်ဆီတစ်ဦးတည်းကို အဓိကအားပြုကစားရတဲ့ အနေအထားဖြစ်တယ်။ အာဂျင်တီးနားကွင်းလယ်ကို စိုးမိုးနိုင်တဲ့ ခြေစွမ်းကို ခရိုအေးရှား ပိုင်ဆိုင်ထားတယ်။ မက်ဆီကို အားပြုကစားမယ့် အာဂျင်တီးနားတိုက်စစ်ကို ထိန်းချုပ်နိုင်လောက်တဲ့ လုံလောက်တဲ့ မာကျောမှု၊ ကျစ်လျစ်မှု ခရိုအေးရှားဆီမှာ ရှိတယ်။ မက်ဆီလို တစ်ဦးချင်း စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမားက ခရိုအေးရှားအသင်းသားတွေထက် သာနေတယ်ဆိုရင်တောင် မက်ဆီနဲ့ အာဂျင်တီးနားရဲ့ တွဲဖက်ကစားပုံထက်၊ မိုဒရစ် ဦးဆောင်တဲ့ ခရိုအေးရှားရဲ့အသင်းလိုက်စွမ်းဆောင်ရည်နဲ့ စိတ်ဓာတ်ပိုင်းက ပိုပြီး စိတ်ဝင်စားစရာကောင်းတယ်။ ဒီနှစ်သင်းက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း တွေ့ဆုံခဲ့ဖူးပြီး ခရိုအေးရှားက ဂိုးပြတ်အနိုင်ရခဲ့ဖူးတယ်။ တစ်ဦးကောင်းကစားသမားတွေကို၊ မက်ဆီကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာကိုလည်း ခရိုအေးရှား ကောင်းကောင်းနားလည်ထားတယ်။ ဒါကြောင့် ဒီပွဲမှာ အာဂျင်တီးနားက ပိုရေပန်းစားတဲ့အသင်းဖြစ်နေရင်တောင် ခရိုအေးရှားကို ပိုကြိုက်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
