ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် ပရိသတ်များအား နှုတ်ဆက်စကား ပြောကြားစဉ် ပေါ်တူဂီအသင်းနှင့် အသင်းဖော်များအား ဘယ်တော့မှ ကျောခိုင်းသွားမည်မဟုတ်ဟု ပြောကြားခဲ့ပြီး လက်ရွေးစင်ကစားသမားဘဝ အနာဂတ်ကိုမူ ဆုံးဖြတ်ခြင်းမရှိသေးကြောင်း သိရသည်။
အသက် ၃၇ နှစ်ရှိပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် အုပ်စုပွဲစဉ်သုံးပွဲစလုံး ပွဲထွက်ကစားခွင့်ရသော်လည်း ဂါနာနှင့်ပွဲ၌သာ ပယ်နယ်တီမှတစ်ဆင့် တစ်ဂိုးသွင်ယူနိုင်ခဲ့ပြီး ဆွစ်ဇာလန်၊ မော်ရိုကိုအသင်းတို့နှင့် ရှုံးထွက်ပွဲစဉ်များတွင်မူ လူစားဝင်အဖြစ်သာ ကစားခွင့်ရခဲ့သည်။
၎င်းသည် မော်ရိုကိုအသင်းအား ရှုံးနိမ့်သည့်ပွဲအပြီးတွင် အသင်းဖော်များနှင့် ပရိသတ်များ အား နှုတ်ဆက်ခြင်းမရှိဘဲ အဝတ်လဲခန်းသို့ တိုက်ရိုက်ဝင်သွားသဖြင့် ဝေဖန်မှုများခံခဲ့ရသော်လည်း တနင်္ဂနွေနေ့က Instagram နှင့် Facebook မှတစ်ဆင့် နှုတ်ဆတ်စကား ပြောကြားခဲ့ခြင်းဖြစ်သည်။
''ပေါ်တူဂီအတွက် ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ဖို့က ကျွန်တော့်ကစားသမားဘဝရဲ့ အကြီးမားဆုံးနဲ့ ရည်မှန်းချက်အရှိဆုံး အိပ်မက်တစ်ခုပါပဲ။ ကံကောင်းထောက်မစွာနဲ့ ကျွန်တော်က နိုင်ငံတကာပွဲမှာ ဆုဖလားတွေအများကြီး ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အဆင့်အမြင့်ဆုံးပြိုင်ပွဲမှာ ကိုယ့်နိုင်ငံရဲ့ နာမည်ကျန်ရစ်စေဖို့က ကျွန်တော့်ရဲ့ အကြီးမားဆုံးအိပ်မက်ပါ။ အဲဒီ အတွက် ကျွန်တော် တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီအိပ်မက်အတွက် ကျွန်တော် တိုက်ပွဲတွေ ဝင်ခဲ့ရပါတယ်။ ကျွန်တော်က ၁၆ နှစ်ကျော်အတွင်း ကစားခဲ့ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ငါးကြိမ်မှာ ဂိုးတွေသွင်းနိုင်ခဲ့တယ်။ ဒါတွေက ကျွန်တော့်အနားမှာရှိနေခဲ့ကြတဲ့ ခမ်းနားတဲ့ အသင်းဖော်တွေ၊ သန်းပေါင်းများစွာသော အားပေးသူပရိသတ်တွေကြောင့် ဖြစ်လာခဲ့တာပါ။ ကျွန်တော် လည်း အစွမ်းကုန် ပေးဆပ်ခဲ့ပါတယ်။ အားလုံးကို ကွင်းအပြင်ဘက်မှာ ထားလိုက်ပါ။ ကျွန်တော်က ဒီတိုက်ပွဲကို ဘယ်တုန်းကမှ မျက်နှာလွှဲကျောခိုင်းတာမျိုး မရှိခဲ့ဖူးသလို ကျွန်တော့်အိပ်မက်တွေအတွက်လည်း ဘယ်တုန်းကမှ လက်မလျှော့ခဲ့ပါဘူး။ ဝမ်းနည်းစရာကောင်းတာက ဒီအိပ်မက်ဟာ မနေ့ကပဲ ပြီးဆုံးသွားခဲ့တာပါ။ ဒါကို ပေါက်ကွဲမှုတွေနဲ့တုံ့ပြန်ဖို့ မထိုက်တန်ပါဘူး။ ကျွန်တော်နဲ့ပတ်သက်လို့ လူတွေအများကြီး ပြောခဲ့ပြီးပါပြီ။ ဒါပေမဲ့ ပေါ်တူဂီအတွက် ကျွန်တော့်ခံယူချက်နဲ့ ပေးဆပ်မှုတွေက ခဏလေးတောင် မပြောင်းလဲဖူးပါဘူး။ ကျွန်တော်က ကိုယ့်ရဲ့နိုင်ငံနဲ့ အသင်းဖော်တွေအပေါ် ဘယ်တော့မှ ကျောခိုင်းသွားမယ့်သူတစ်ယောက် မဟုတ်ပါဘူး။ ပေါ်တူဂီကို ကျေးဇူးတင်ပါတယ်။ ကာတာကိုလည်း ကျေးဇူးတင်ပါတယ်။ အိပ်မက်တွေ သာယာခဲ့ရပါတယ်။ အခုတော့ အားလုံးအတွက် အဆင်ပြေပါစေ။ ကောင်းမွန်တဲ့အဆုံးသတ်ဖြစ်စေဖို့ မျှော်လင့်ပါတယ်''ဟု ၎င်းက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
