ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ရပ်ရှ်ဖို့ဒ်ကို ဥရောပထိပ်တန်းကလပ်များ စိတ်ဝင်စား
24htopnews | September 13, 2024 2:12 PM CST
ယခုရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန် ဥရောပထိပ်တန်းကလပ်အသင်းများဖြစ်သည့် PSG၊ ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းများက စိတ်ဝင်စားနေကြောင်း သိရသည်။
PSG အသင်းသည် ရပ်ရှ်ဖို့ဒ်ကို ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဘောလုံးသမားများထဲမှ တစ်ဦးဖြစ်လာစေမည့် တစ်ပတ် ပေါင်(၈၅၀၀၀၀)တန် Package ဖြင့် ကမ်းလှမ်းသွားရန် အသင့်ရှိနေသည်။
Mirror သတင်းစာကမူ ရပ်ရှ်ဖို့ဒ်သည် သူ၏လစာငွေကို တစ်ပတ် ပေါင်(၃၅၀၀၀၀)ဝန်းကျင်သာ တောင်းဆိုသွားဖွယ်ရှိပြီး ခေါ်ယူမည့်ကလပ်အသင်းအနေဖြင့် (၄)နှစ်စာချုပ်အတွက် ပေါင်သန်း (၁၄၀)ခန့် ကုန်ကျနိုင်သည်။
သို့သော် ရပ်ရှ်ဖို့ဒ်အနေဖြင့် စျေးကွက်တန်ဖိုးမှာ ပေါင်သန်း(၇၀)ဝန်းကျင် ရှိနေသဖြင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည့်အခွင့်အရေးမှာ မက်မောစရာဖြစ်နေသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
