ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းသည် ရေခဲပြင်စကိတ်မတော်တဆမှုကြောင့် ညာခြေထောက်ကျိုးခဲ့ပြီး ရာသီကုန်အထိအနားယူရတော့မည့် အသင်းခေါင်းဆောင်ဂိုးသမား နော်ယာ၏နေရာတွင်အစားထိုးရန် မိုနာကိုအသင်းသို့အငှားချထားသည့် ဂျာမန်ဂိုးသမားနူဘယ်လ်အား အသင်းထံပြန်လည်ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
အသက် (၃၆)နှစ်အရွယ်ရှိ ဂျာမနီလက်ရွေးစင်ဝါရင့်ကစားသမား နော်ယာသည် ပြီးခဲ့သည့် ဒီဇင်ဘာ (၁၀)ရက်နေ့က နှင်းလျှောစီးအပန်းဖြေစခန်းတစ်ခုတွင် ယင်းမတော်တဆမှုကို ကြုံတွေ့ခဲ့ရခြင်းဖြစ်ပြီး ဒဏ်ရာအခြေအနေမှာ ထင်ထားသည်ထက် ပိုမိုဆိုးရွားနေသည့်အတွက် အနီးဆုံး ဆေးရုံသို့ တင်ပို့ကာ ဆေးကုသမှုခံယူခဲ့ရကြောင်းသိရသည်။
ဆေးစစ်ချက်များအရ နော်ယာအနေဖြင့် ညာဘက် ညို့သကျည်းရိုးအတွင်းပိုင်းကျိုးသည့် ဒဏ်ရာကိုရရှိခဲ့ခြင်းဖြစ်ပြီး အနည်းဆုံးရာသီကုန်အထိ အနားယူရမည်ဖြစ်ကြောင်း သူ (နော်ယာ)၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပရိသတ်များထံအသိပေးခဲ့ခြင်းဖြစ်သည်။
နော်ယာက မိမိအနေဖြင့် ရေခဲပြင်စကိတ်မတော်တဆမှုကိုရှောင်လွှဲနိုင်ရန် ကြိုးစားခဲ့ကြောင်းနှင့် ခွဲစိတ်မှုအဆင်ပြေချောမွေ့စေရန် ဆန္ဒရှိကြောင်း ၎င်း၏ Instagram တွင်ရေးသားခဲ့သည်။
နော်ယာက''လက်ရှိအချိန်မှာ ကျွန်တော်ပြောနိုင်တာကတော့ ဒီနှစ်ကုန်ပိုင်းမှာ ကျွန်တော့်ရဲ့အခြေအနေ တိုးတက်မှုရှိလာနိုင်တာပါပဲ။ ကျွန်တော့်အနေနဲ့ ဒီဖြစ်ရပ်ဆိုးကိုရှောင်လွှဲနိုင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ လက်ရှိအချိန်မှာတော့ ခွဲစိတ်မှုကောင်းကောင်းမွန်မွန်ပြီးဆုံးဖို့ပဲ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ဒီရာသီကိုဆက်လက်ကစားဖို့မဖြစ်နိုင်တော့ကြောင်း ကျွန်တော့်ကိုပြောချိန်မှာတော့ တကယ်ပဲ နာကျင်ခဲ့ရပါတယ်'' ဟု ၎င်း၏ Instagram တွင် ရေးသားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းနှင့် ဂျာမနီလက်ရွေးစင်အသင်းတို့၏ အဓိကအသင်းခေါင်းဆောင်ဖြစ်သူ နော်ယာသည် ဂျာမနီအသင်း ၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် အပန်းဖြေခရီးသွားရောက်စဉ် ယခုကဲ့သို့ မတော်တဆမှုကိုကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
နော်ယာ၏ ဒဏ်ရာသတင်းနှင့်ပတ်သက်ပြီး ဘိုင်ယန်မြူးနစ်အသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ အိုလီဗာခန်းက ''မန်နျူရယ်လ် (နော်ယာ)ရဲ့ဒဏ်ရာသတင်းဟာ ကျွန်တော်တို့အားလုံးကို ရှော့ခ်ရစေခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ သူ (နော်ယာ)နဲ့အတူ အကောင်းဆုံးရပ်တည်ပြီး ဒဏ်ရာကနေ အမြန်ဆုံးပြန်လာနိုင်စေဖို့ကူညီသွားပါမယ်'' ဟု အသင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် နော်ယာ၏နေရာတွင် အစားထိုးရန်အတွက် ပြီးခဲ့သည့် ၂၀၂၁ နွေရာသီက ပြင်သစ်ကလပ်မိုနာကိုအသင်းထံ (၂)ရာသီအငှားချထားသည့် ဂျာမန်ယူ-၂၁ ဂိုးသမားဟောင်းနူဘယ်လ် (၂၆ နှစ်)အား စာချုပ်ပါအချက်အတိုင်း အငှားစာချုပ်ဖျက်သိမ်းကာ အသင်းထံပြန်လည်ခေါ်ယူရန်စီစဉ်နေသည်ဟု ဂျာမန်အားကစားသတင်းစာ Bild ကဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
