မန်ယူအသင်းသည် စီရော်နယ်လ်ဒိုအား လက်လွှတ်လိုက်ရပြီးနောက် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူသွားရန် ရှာဖွေနေကြောင်း နည်းပြ တန်ဟက်ဂ်က အတည်ပြုခဲ့သည်။
အသင်းအနေဖြင့် စျေးကွက်အတွင်း တိုက်စစ်မှူးသစ်တစ်ဦး ရှာဖွေနေသလားဟု သတင်းထောက်များ၏ မေးမြန်းမှုကို တန်ဟက်ဂ်က ''ဟုတ်ပါတယ်။ ဒါပေမဲ့ အသင်းအတွက် သင့်တော်မယ့်ကစားသမားကိုသာ ကျွန်တော်တို့ ရှာဖွေနေတာပါ။ ကျွန်တော်တို့ စွမ်းအားရှိသလောက် အရာအားလုံး လုပ်ဆောင်ပါတယ်။ ရရှိလာတဲ့ အခွင့်အလမ်းတိုင်းကိုလည်း ကျွန်တော် သုတေသန လုပ်လေ့ရှိပါတယ်။ အခွင့်အလမ်းရောက်လာရန် ကျွန်တော်တို့ တတ်အားသမျှ လုပ်ပါတယ်။ ကစားသမားအမည် အတိအကျကို မှတ်ချက်မပေးနိုင်ပါဘူး။ ဘယ်တော့မှလည်း ကျွန်တော် မလုပ်ခဲ့ပါဘူး။ ဒီမတိုင်မီ နွေရာသီကလည်း ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ကစားသမားများစွာအကြောင်းကို ကျွန်တော်တို့ ပြောနေချိန်မှာ သူတို့က မိခင်ကလပ်တွေနဲ့ စာချုပ်ကိုယ်စီ ရှိနေကြသူတွေပါ။ ကျွန်တော်တို့အနေနဲ့ ဒါကို လေးစားရပါမယ်။ ဒါပေမဲ့ အသင်းအတွက် သင့်တော်တဲ့ ကစားသမားတွေ ရလာဖို့အတွက် ကျွန်တော်တို့ အမှန်တကယ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
