လက်ရှိတွင် စပါးအသင်းနည်းပြအဖြစ် ဆောင်ရွက်နေသည့် နည်းပြဟောင်း ကွန်တီကို အသင်းသို့ပြန်လာရန် ဂျူဗင်တပ်စ်ပရိသတ်များက တောင်းဆိုခဲ့ကြသည်။
ကွန်တီသည် ကစားသမားဘဝနှင့် နည်းပြဘဝအချိန်အများစုကို ဂျူဗင်တပ်စ်အသင်းနှင့် ကုန်ဆုံးခဲ့ပြီး ယခုအချိန်အထိ တူရင်မြိုတွင် နေအိမ်ရှိနေဆဲဖြစ်သည်။
ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် လိဂ်ပြိုင်ပွဲများ ခေတ္တရပ်နားသွားပြီးနောက် ကွန်တီသည် တူရင်မြို့သို့ပြန်လာကာ မြို့အတွင်းရှိ စားသောက်ဆိုင်တစ်ခုတွင် စားသောက်နေသည့်ပုံများလည်း ထွက်ရှိခဲ့သည်။
ကွန်တီသည် စပါးအသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်မှာ ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုရန်အတွက် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
ဂျူဗင်တပ်စ်ပရိသတ်များက Instagram တွင် ကွန်တီအား အသင်းသို့ပြန်လာပြီး လက်ရှိကိုင်တွယ်နေသည့် အယ်လီဂရီထံမှ နည်းပြရာထူးကိုရယူကာ ပြန်လည်ကိုင်တွယ်ပေးရန် တောင်းဆိုခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
