ထိုင်းနိုင်ငံသို့သွားရောက်နေထိုင်လေ့ကျင့်ခဲ့သည့် မြန်မာ ယူ-၁၈ ဖူဆယ်အသင်းသည် ခရီးစဉ်အတွင်း ခြေစမ်းပွဲခြောက်ပွဲ ကစားခဲ့ရာ တစ်ပွဲသရေ၊ ငါးပွဲရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
မြန်မာ ယူ-၁၈ ဖူဆယ်အသင်းသည် နိုင်ငံတကာပြိုင်ပွဲများအတွက် ပြင်ဆင်မှုအနေဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်လေ့ကျင့်ပြီး ခြေစမ်းပွဲ(၆) ပွဲ ကစားရန် ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်က ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
မြန်မာ ယူ-၁၈ ဖူဆယ်အသင်းသည် ဒီဇင်ဘာ ၃ ရက်က ပထမခြေစမ်းပွဲအဖြစ် Imane Thailand U-18 All Star အသင်းနှင့် ယှဉ်ပြိုင်ကစားရာ(၀-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာ ယူ-၁၈ ဖူဆယ်အသင်းသည် ဒီဇင်ဘာ ၄ ရက်က ဒုတိယခြေစမ်းပွဲအဖြစ် Nakorn Nont U-18 အသင်းနှင့် ယှဉ်ပြိုင်ကစားရာ(၁-၁၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
မြန်မာ ယူ-၁၈ ဖူဆယ်အသင်းသည် ဒီဇင်ဘာ ၅ ရက်က တတိယခြေစမ်းပွဲအဖြစ် RMUTR တက္ကသိုလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ(၃-၃) ဂိုးဖြင့် သရေကျခဲ့ကြောင်း သိရသည်။
မြန်မာ ယူ-၁၈ ဖူဆယ်အသင်းသည် ဒီဇင်ဘာ ၇ ရက်က စတုတ္ထခြေစမ်းပွဲအဖြစ် ဘန်ကောက် BTS အသင်းနှင့် ယှဉ်ပြိုင်ကစားရာ(၀-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မန်မာ ယူ-၁၈ ဖူဆယ်အသင်းသည် ယင်းနေ့တွင် ဘန်ကောက် BTS လူငယ်အသင်းနှင့် မိနစ်(၃၀) သာ ကြာမြင့်သည့် လေ့ကျင့်ရေးခြေစမ်းပွဲမျိုး ကစားရာတွင်မူ(၅-၅) ဂိုးဖြင့် သရေကျခဲ့သည်။
မန်မာ ယူ-၁၈ ဖူဆယ်အသင်းသည် ဒီဇင်ဘာ ၉ ရက်က ငါးပွဲမြောက်ခြေစမ်းပွဲအဖြစ် သွန်းဘူရီတက္ကသိုလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၁-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာ ယူ-၁၈ ဖူဆယ်အသင်းသည် ဒီဇင်ဘာ ၁၁ ရက်က နောက်ဆုံးခြေစမ်းပွဲအဖြစ် Imane Thailand U-18 All Star အသင်းနှင့် ယှဉ်ပြိုင်ကစား ရာ(၀-၆) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာ ယူ-၁၈ ဖူဆယ်အသင်းသည် Imane Thailand U-18 All Star အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး နှစ်ပွဲစလုံး ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။
မြန်မာ ယူ-၁၈ ဖူဆယ်အသင်းသည် ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ယခုလအတွင်း စတင်ကျင်းပမည့် ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကာ ကာလရှည် စခန်းဝင်လေ့ကျင့်ရန် စီစဉ်ထားကြောင်း သိရသည်။
မြန်မာ ယူ-၁၈ ဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းနည်းပြချုပ်ဖြစ်သူ ဘန်လက်ချာယိုဝန်က ပူးတွဲတာဝန်ယူနေလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
