မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးက ထိုင်းလက်ရွေးစင်အသင်းအား ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်ပွဲမှ ကစားပုံမျိုးမဖြစ်အောင် ၁၀ ရက်အတွင်း ပြင်ဆင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် ထိုင်းလက်ရွေးစင်အသင်းသည် ဒီဇင်ဘာ(၁၁) ရက် ညပိုင်းက ထိုင်းနိုင်ငံ ပတ်ထမ်ထာနီခရိုင်အတွင်းရှိ ပရိသတ်(၂၅၀၀၀) ဆံ့ Thammasat Stadium တွင် ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းအသင်းက (၆-၀)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။
ယင်းပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးက ''ဒီနေ့ပွဲမှာ ကစားသွားတဲ့ ကျွန်တော့်ကစားသမားတွေရဲ့ စွမ်းဆောင်နိုင်မှုက အားရစရာမရှိခဲ့ပါဘူး။ ဒီခြေစမ်းပွဲက ကျွန်တော်တို့အသင်း အဆင့်သတ်မှတ်ချက် မြင့်တက်ဖို့ဆိုတာထက် လာမယ့် AFF Cup ပြိုင်ပွဲအတွက် ပြင်ဆင်တာ အဓိကပါ။ မလေးရှားနဲ့ပွဲအတွက် (AFF Cup ပြိုင်ပွဲ အုပ်စုအိမ်ကွင်းပထမပွဲ) ကျွန်တော်တို့ ပြင်ဆင်ရမှာတွေ အများကြီးရှိပါသေးတယ်။ မလေးရှားနဲ့ပွဲမတိုင်ခင် ကျန်ရှိတဲ့ကြားရက်အတွင်းမှာ ဒီနေ့ပွဲက ကစားပုံမျိုး မဖြစ်အောင် ကျွန်တော်တို့ ပြင်ဆင်ရပါလိမ့်မယ်။ မကြာခင် အပြီးသတ်ကစားသမားရွေးချယ်ဖို့လည်းရှိနေပါတယ်။ ကျန်ရှိတဲ့ ၁၀ ရက်အတွင်းမှာ ကျွန်တော်တို့ အခုထက်ပိုပြီး ကောင်းတဲ့အသင်းဖြစ်လာအောင် ပြင်ဆင်သွားရပါမယ်''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ထိုင်းလက်ရွေးစင်အသင်းကို ပထမပိုင်းမှာပင် လေးဂိုးပြတ်ရှုံးနိမ့်နေခဲ့ပြီး ဒုတိယပိုင်းတွင် နောက်ထပ်နှစ်ဂိုးပေးခဲ့ရကာ ခြောက်ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် AFF Cup ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်ကတည်းက ထိုင်းနိုင်ငံသို့သွားရောက်လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲ (၃)ပွဲကစားခဲ့ရာ (၂)ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ထိုင်းလိဂ်-၁ ကလပ် ချောင်ဘူရီအသင်းကို (၄-၁) ဂိုး၊ ထိုင်းလိဂ်-၂ ကလပ် ဆာမတ်ပရာကန်အသင်းကို (၂-၀) ဂိုးတို့ဖြင့် အနိုင်ရခဲ့ပြီး ထိုင်းလက်ရွေးစင်အသင်းကို ခြောက်ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ဒီဇင်ဘာ၁၂ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးနောက် AFF Cup ပြိုင်ပွဲအတွက် အပြီးသတ်ကစားသမားများရွေးချယ်မည်ဖြစ်သည်။
မြန်မာအသင်းသည် ၂၀၂၂ AFF Cup ပြိုင်ပွဲတွင် အုပ်စု(B) ၌ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအိုအသင်းတို့နှင့်အတူ ကျရောက်နေသည်။
မြန်မာအသင်းသည် ဒီဇင်ဘာ ၂၁ ရက်တွင် မလေးရှားအသင်းနှင့် အိမ်ကွင်း၊ ၂၄ ရက်တွင် စင်ကာပူအသင်းနှင့် အဝေးကွင်း၊ ၃၀ ရက်တွင် လာအိုအသင်းနှင့် အိမ်ကွင်း၊ ဇန်နဝါရီ ၃ ရက်တွင် ဗီယက်နမ်အသင်းနှင့်အဝေးကွင်း ကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
