စပိန်လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်ဖြစ်သူ ၀ါရင့်ကွင်းလယ်လူ ဘူးစကွက်စ်သည် စပိန်လက်ရွေးစင်အသင်း ၂၀၂၂ ကမ္ဘာ့ဖလား ရှုံးထွက် (၁၆)သင်းအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် ၎င်း၏ လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ရန် စီစဉ်နေပြီး လာမည့် ၂၀၂၃ ခုနှစ်တွင် ဆုံးဖြတ်ချက်ချမှတ်သွားမည်ဖြစ်ကြောင်းသိရသည်။
အသက် (၃၄)နှစ်အရွယ်ရှိ ဘာစီလိုနာဝါရင့်ကွင်းလယ်လူ ဘူးစကွက်စ်သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းအား အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခွင့်ရခဲ့သော်လည်း စပိန်အသင်းမှာ ရှုံးထွက် (၁၆) သင်းအဆင့်တွင် မော်ရိုကိုအား ပယ်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရသလို၊ ယင်းပွဲတွင် ဘူးစကွက်စ်၏ ပယ်နယ်တီကန်သွင်းမှုမှာလည်း ဂိုးမဝင်ခဲ့ပေ။
ထို့ပြင် စပိန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် ချက်ချင်းဆိုသလိုပင် နည်းပြဖြစ်သူ အင်းနရစ်က အသင်းနှင့် လမ်းခွဲခဲ့ ပြီးယင်းအခြေအနေမှာလည်း ဘူးစကွက်စ်အတွက် စိတ်ပျက်စရာဖြစ်စေခဲ့ကြောင်းသိရသည်။
ဘူးစကွက်စ်သည် စပိန်လက်ရွေးစင်အသင်းနည်းပြဟောင်း အင်းနရစ်နှင့် ရင်းနှီးသောဆက်ဆံရေးရှိသူဖြစ်ပြီး ဘာစီလိုနာအသင်းတွင် လက်တွဲကာ အောင်မြင်မှုများရယူခဲ့သလို စပိန်လက်ရွေးစင်အသင်းတွင်လည်း အင်းနရစ်၏ အဓိကယုံကြည်အားကိုးသူဖြစ်ခဲ့သည်။
ဘူးစကွက်စ်သည် စပိန်အသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၂-၂၃ ရာသီ UEFA Nations League ဆီမီးဖိုင်နယ်ပွဲစဉ်များမတိုင်မီ ၎င်း၏အနာဂတ်ကို ဆုံးဖြတ်သွားမည်ဖြစ်ပြီး စပိန်အသင်းနည်းပြသစ် ဒယ်လာဖွမ်တေ၏ ဆုံးဖြတ်ချက်မှာလည်း အဓိကကျဖွယ်ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
