ပြင်သစ်လက်ရွေးစင်အသင်း၏ နည်းပြ ဒေးရွှမ့်သည် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပြင်သစ်အသင်းနှင့် လမ်းခွဲမည်မဟုတ်ဘဲ ယူရို-၂၀၂၄ ပြိုင်ပွဲအထိ ဆက်ရှိမည်ဖြစ်ကြောင်း ပြင်သစ်သတင်းစာ Le Parisien က ဖော်ပြခဲ့သည်။
ဒေးရွှမ့်သည် လက်ရှိကျင်းပနေသည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းကို ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက် အဆိုပါသတင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲမတိုင်မီက ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ဥက္ကဋ္ဌ နိုယယ်လီဂရက်၏ ပြောကြားခဲ့မှုအပေါ် အခြေခံခြင်းဖြစ်ကြောင်း သိရသည်။
နိုယယ်လီဂရက်က ဒေးရွှမ့်၏အနာဂတ်နှင့်ပတ်သက်ပြီး ပြင်သစ်နည်းပြအဖွဲ့သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပြင်သစ်အသင်းကို ဆီမီးဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးနိုင်သင့်သည်ဟု မှတ်ချက်ပေးခဲ့ဖူးခြင်းဖြစ်သည်။
နိုယယ်လီဂရက်သည် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်အတွင်း၌ သြဇာလွှမ်းမိုးမှု ကြီးမားသူဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် စတင်ဆောင်ရွက်ခဲ့သည်။
၎င်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးပြုလုပ်ခဲ့သည့် နည်းပြအပြောင်းအလဲမှာ ယူရို-၂၀၁၂ ပြိုင်ပွဲအပြီး နုတ်ထွက်သွားခဲ့သည့် လောရင့်ဘလန့်နေရာတွင် ဒေးရွှမ့်ကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ဒေးရွှမ့်သည် ပထမဆုံးကိုင်တွယ်သည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ကွာတားဖိုင်နယ်၊ ယူရို-၂၀၁၆ ပြိုင်ပွဲတွင် ဗိုလ်လုပွဲရောက်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားတွင် ချန်ပီယံဆု ရယူပေးနိုင်ခဲ့သည်။
ထို့ကြောင့် ပထမဆုံးစတင်ကိုင်တွယ်စဉ်က (၂)နှစ်ခွဲစာချုပ်သာ ချုပ်ဆိုခဲ့ခြင်းဖြစ်သော်လည်း သက်တမ်းများ အကြိမ်ကြိမ်တိုးမြှင့်လာခဲ့ပြီး လက်ရှိစာချုပ်မှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိဖြစ်သည်။
သို့သော် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ရှုံးထွက်(၁၆)သင်းအဆင့်မှ ထွက်ခွာခဲ့ရသည့်အတွက် ပြင်သစ်အသင်းနှင့် လမ်းခွဲသင့်ပြီဖြစ်ကြောင်း ဝေဖန်မှုများရှိလာခဲ့ပြီး ဇီဒန်း အစားဝင်မည်ဟူသည့်သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
သို့ရာတွင် FFF ဥက္ကဋ္ဌ နိုယယ်လီဂရက်က ဒေးရွှမ့်နှင့်သာ ဆက်လက်လက်တွဲသွားရန် ဆန္ဒရှိနေသည့်အတွက် ကမ္ဘာ့ဖလားရလဒ်ကို စောင့်ကြည့်ရန် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေးရွှမ့်အနေဖြင့်လည်း ကမ္ဘာ့ဖလားနှင့် Nations League ချန်ပီယံဆုများ ရယူနိုင်ခဲ့ပြီးဖြစ်သော်လည်း ယူရိုချန်ပီယံဆု ရယူဖူးခြင်းမရှိသေးသည့်အတွက် ယူရို-၂၀၂၄ ပြိုင်ပွဲအထိ တာဝန်ယူသွားရန် လိုလားနေကြောင်း သိရသည်။
L'Equipe သတင်းစာကမူ ပြင်သစ်အားကစားဝန်ကြီး ကတ်စတီရာနှင့် နိုယယ်လီဂရက်တို့ကြား တင်းမာမှုများရှိ နေခြင်းကြောင့် ဒေးရွှမ့်၏ အနာဂတ်ကို လာမည့် ဖေဖော်ဝါရီလအထိ စောင့်ကြည့်ရဖွယ်ရှိကြောင်း သုံးသပ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
