မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုသည် ၂၀၁၅ ခုနှစ်နောက်ပိုင်း (၇)နှစ်ကာလအတွင်း ပထမဆုံးအဖြစ် နှစ်စဉ်အမြတ်ဝေစုမယူရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
မန်ယူအသင်းအား ပြန်လည်ရောင်းချရန် စီစဉ်နေသည့် ဂလေဇာမိသားစုသည် ၂၀၂၂-၂၃ ရာသီ ဘဏ္ဍာနှစ်တွင် အမြတ်ဝေစုရယူခြင်း မပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
နှစ်စဉ်အမြတ်ဝေစုမှာ ကုမ္ပဏီတစ်ခုက ရရှိသည့်အမြတ်အစွန်းကို အစုရှယ်ယာရှင်များထံ ပုံမှန်ပေးအပ်သည့်ပမာဏဖြစ်ပြီး မန်ယူအသင်းဘုတ်အဖွဲ့တွင် ဂလေဇာမိသားစုဝင် (၆)ဦးအထိ ပါဝင်သဖြင့် ၎င်းတို့သာ အဓိကရရှိနေခြင်းဖြစ်သည်။
မန်ယူအသင်းအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီတွင် ဖလားလက်မဲ့အခြေအနေ ရင်ဆိုင်ခဲ့ရပြီး ပေါင် (၁၁၅ .၅) သန်း အရှုံးပေါ်ခဲ့သော်လည်း ရှယ်ယာရှင်များအား ပေါင် (၃၃.၆)သန်း ပေးချေခဲ့ရကာ ၎င်းတို့အနက် ဂလေဇာမိသားစုက ပေါင်(၁၁)သန်းရရှိခဲ့သောကြောင့် ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသည်။
သို့သော် ယခုရာသီတွင် နှစ်စဉ်အမြတ်ဝေစုမယူမည့် ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း မန်ယူအသင်းအားပေးသူများအဖွဲ့ဖြစ်သည့် MUST က ထုတ်ပြန်ခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီအတွက် ပထမသုံးလပတ် (ဇူလိုင်မှ စက်တင်ဘာ) ဘဏ္ဍာရေးရှင်းတမ်းကို ဒီဇင်ဘာ(၈)ရက်တွင် ထုတ်ပြန်ကြေညာရာ ပေါင်(၁၄၃.၇)သန်း ဝင်ငွေရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် (၁၃.၆) ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။
မန်ယူအသင်းအနေဖြင့် ယခုရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့သောကြောင့် လစာပေးချေမှု (၂၅)ရာခိုင်နှုန်းလျှော့ချရမည်ဖြစ်ရာ ၀ါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို စာချုပ်ဖျက်သိမ်းခဲ့သောကြောင့် ပေါင်(၂၅)သန်း သက်သာသွားမည်ဖြစ်သည်။
နွေရာသီအပြောင်း အရွှေ့ကာလတွင် လီဆန်ဒရိုမာတီနက်ဇ်၊ ကက်စီမီရို၊ အန်တိုနီ၊ အဲရစ်ဆင်၊ မာလာစီယာတို့ကိုခေါ်ယူခဲ့သော်လည်း ပထမသုံးလပတ်အတွင်း လစာပေးချေမှုမှာ ယခင်နှစ် ကာလတူထက် (၆.၂)ရာခိုင်နှုန်း လျော့ကျသွားကြောင်း သိရသည်။
ထို့ပြင် ယခုရာသီအတွက် လစာပေးချေမှုအသုံးစရိတ်ကို အခွန်မဆောင်မီ ပေါင်သန်း (၁၀၀-၁၁၀)မှ ပေါင် (၁၂၅-၁၄၀) သန်းအထိလျှော့ချနိုင်ရန် ခန့်မှန်းထားကြောင်း မန်ယူအသင်းက ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
