လွှတ်တော်အနီး ဒရုန်း လွှတ်တင်ခဲ့သည့် ပြင်သစ်နိုင်ငံသားအား ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မဖြင့် အလုပ်နှင့်ထောင်ဒဏ် တစ်လချမှတ်ခဲ့ပြီး ၎င်းပိုင်ဆိုင်သည့် ဖုန်းနှင့်ဒရုန်းကို သိမ်းယူကြောင်း ဥတ္တရသီရိမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
ပြစ်သစ်နိုင်ငံသား Mr.DESCLAUX အား ဖေဖော်ဝါရီ ၂၇ ရက်က ရုံးထုတ်ခဲ့ပြီး အဆိုပါရုံးချိန်းတွင် အမှုနှင့် ပတ်သက်သည့် တရားလိုနှင့် တရားလိုပြ သက်သေအားလုံး စစ်ဆေးခဲ့သည်။ ယင်းနောက် တရားသူကြီးက Mr.DESCLAUX အား အမှုနှင့်ပတ်သက်၍ အပြစ် ရှိ၊ မရှိ မေးမြန်းရာ အပြစ်ရှိသည်ဟု ဝန်ခံသည့်အတွက် စွဲချက်တင်၍ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဥတ္တရသီရိမြို့နယ် တရားသူကြီးက အမိန့်ချမှတ်ရာတွင် ပြစ်သစ်နိုင်ငံသား Mr.DESCLAUX မှာ နိုင်ငံခြားသားဖြစ်နေခြင်း၊ မြန်မာနိုင်ငံသို့ ဒရုန်းတင်သွင်းခွင့် မရှိသည်ကို Mr.DESCLAUX မသိရှိသည့်အတွက် အလုပ်နှင့် ထောင်ဒဏ် တစ်လ ချမှတ်ခဲ့သည့်အပြင် ၎င်းရိုက်ကူးထားသည့် အချက်အလက်များကို ဖျက်ဆီးစေကာ ဖုန်းနှင့်ဒရုန်းအား သိမ်းဆည်းခဲ့ပြီး ပြစ်ဒဏ် တစ်လတွင် ချုပ်ရက်များ ထုတ်နုတ် ခံစားခွင့်ရှိကြောင်း ချမှတ်ခဲ့သည်။
“သူ့ရဲ့ရိုးသားမှု၊ သူ့အမှန်အတိုင်းပြောပြမှု အဲဒါတွေကို တရားသူကြီးကနေပြီး ထည့်ပြီး စဉ်းစားတဲ့အတွက်ကြောင့် ဆုံးဖြတ်ချက်ကို ချနိုင်တာပါ။ တကယ်တော့ မြန်မာပြည်ကို ခဏတဖြုတ် အလည်လာတဲ့ တိုးရစ် တစ်ယောက်အနေနဲ့ တစ်လပြစ်ဒဏ် ဆိုတာ အရမ်းများပါတယ်။ သံရုံးအနေနဲ့က ဒီလိုမျိုးတစ်စတစ်စ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့ ဒရုန်းလို ပစ္စည်းမျိုးကို ဒီလိုမျိုးကန့်သတ်ချက်တွေ ရှိတာကို သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ဒီလိုကန့်သတ်ချက်တွေ ရှိတယ်ဆိုတာကို ပညာပေး၊ အသိပေး၊ ဒီကိုလာလည်တဲ့ သူတွေကို အကြောင်းကြားဖို့က အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ပြင်သစ်နိုင်ငံသားလိုပဲ နောက်ထပ်ဒီလိုမျိုးထပ်ပြီး တူညီတဲ့အဖြစ်အပျက်မျိုးတွေ ထပ်ဖြစ်လာမှာ စိုးရိမ်ပါတယ်” ဟု ပြင်သစ်သံရုံးမှ ကောင်စစ်ဝန် Mr.Fre’ der’ic INZA က ပြောကြားသည်။
ဖေဖော်ဝါရီ ၇ ရက်က နေပြည်တော် ဥတ္တရသီရိမြို့နယ် ရာဇဌာနီလမ်းမပေါ်ရှိ လွှတ်တော်ဝင်ပေါက် ကြိုးတံတားအမှတ် (၂) အနီး စက်ဘီး စီးနင်းလာသည့် ပြင်သစ်နိုင်ငံသား Mr.DESCLAUX သည် ဒရုန်း လွှတ်တင်ခဲ့သဖြင့် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် သုံး နှစ် အထိ ချမှတ်နိုင်သည့် ၂၀၁၂ ခုနှစ် ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် တရားစွဲဆို ခံထားရခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
