မျက်မမြင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သည်ဟုဆိုခြင်းမှာ စွပ်စွဲမှုသာဖြစ်ပြီး ဥပဒေအရ ပြန်လည် တရားစွဲဆိုမည်ဟု မြန်မာနိုင်ငံမျက်မမြင်များအသင်း ဥက္ကဋ္ဌဟောင်း ဦးအောင်ကိုမြင့်နှင့် ရှေ့နေဖြစ်သူတို့သည် ဖေဖော်ဝါရီ ၂ရရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းရှိ City Star ဟိုတယ်၌ သတင်းစာ ရှင်းလင်းခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ မျက်မမြင်များအသင်းဥက္ကဋ္ဌဟောင်း ဦးအောင်ကိုမြင့်အား မျက်မမြင် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ခြင်း ဟုတ်၊ မဟုတ် Eleven Media က မေးမြန်းရာ “ကျွန်တော် ဖြေဖို့မလိုတော့ဘူး။ အဲဒါ ရဲစခန်းရဲ့အဖြေမှာ သဘောပေါက်ဖို့ လိုတယ်။ ရဲစခန်းကသာ ကျွန်တော်ဖြေတဲ့ အဖြေပေါ်မှာမူတည်ပြီး တကယ်သာ ဒီလိုဖြစ်တယ်ဆိုရင် ဒီအမှုက ဒီလိုဘယ်ပိတ်သွားမလဲ” ဟု ပြောကြားသည်။
ယင်းအပြင် ဦးအောင်ကိုမြင့်၏ ရှေ့နေ ဦးခင်မောင်မြင့်က “ကျွန်တော်တို့ အလုံမြို့နယ် ရဲစခန်းမှာ ရှင်းလင်းချက်တွေ အားလုံးပေးပြီးသား ဖြစ်ပါတယ်။ ဘာကြောင့် မကျူးလွန်ရသလဲ။ သူစွပ်စွဲတဲ့ရက်တွေမှာ ဦးအောင်ကိုမြင့်သည် မြန်မာနိုင်ငံမှာ ရှိ၊ မရှိ သူပြောတဲ့ နေရာမှာ ရှိ၊ မရှိ အထောက်အထား အချက်အလက်တွေ အပြည့်အစုံ ပေးထားပြီးဖြစ်သလို ဆေးစစ်ချက် မှတ်တမ်းတွေလည်း ရဲတပ်ဖွဲ့စခန်းကို အပြည့်အစုံရရှိထားပြီး ဖြစ်ပါတယ်။ ဒီစွပ်စွဲထားတဲ့ အမှုသည် မမှန်ကန်တဲ့အတွက် ဥပဒေနဲ့အညီ ပိတ်သိမ်းထားပြီးပါပြီ။ စတင်စွပ်စွဲချိန်ကနေ သတင်းစာ ရှင်းလင်းတဲ့အချိန်အထိ ဒီအမှုကို အကြောင်းပြုပြီး အမှုနဲ့ မသက်ဆိုင်တဲ့ ဦးအောင်ကိုမြင့်ရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာကို ထိပါးခဲ့တဲ့ ဆောင်ရွက်ခဲ့တဲ့ သူတွေကို ဥပဒေနဲ့အညီ အရေးယူမယ်။ ထို့အတူ စွပ်စွဲတိုင်ကြားသူကိုလည်း ကျွန်တော်တို့ဘက်က တရားစွဲဆိုပြီး တရားရုံးမှာ ဒီစွပ်စွဲ တိုင်ကြားမှုသည် မှန်လား၊ မမှန်လား တရားရုံးမှာ အဆုံးအဖြတ် ခံယူမယ်လို့ အသိပေးတာပါ”ဟု ပြောကြားသည်။
ရှေ့နေ ဦးခင်မောင်မြင့်က ဦးအောင်ကိုမြင့်၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာ ထိပါးစေရန် ဆောင်ရွက်ခဲ့သူများ၊ လူမှုကွန်ရက်တွင် မမှန်မကန် ရေးသားကြသူများ၊ မှားယွင်းစွပ်စွဲ တိုင်ကြားသူများကို လာမည့် ရက်သတ္တတစ်ပတ်အတွင်း ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ရှင်းလင်းပွဲတွင် ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
