AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရသော ချင်းပြည်နယ် ပလက်ဝမြို့နယ် သံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရဲကင်းစခန်းမှူးတို့ ပြန်လည် လွတ်မြောက်လာပြီဟု သံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချင်းဟော်၏ ညီဖြစ်သူ ဦးတက်ဟော်က ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၄ နာရီခန့်တွင် ဖုန်းဖြင့် ဆက်သွယ်ပြောကြားသည်။
“လွှတ်လိုက်ပြီဆိုတာ အဆက်အသွယ် ရပါပြီ။ ဘူးစဉ်ရွာမှာ ဆုတောင်းပွဲလေး တစ်ခုလုပ်ပြီး ထမင်းကျွေးပြီးမှ လွှတ်လိုက်မယ် ပြောတယ်။ ဘူးစဉ်ရွာကို ရောက်နေတာ သတင်းအတိအကျပါ။ စခန်းမှူးကိုလည်း စကားပြောပြီးပါပြီ။ သူတို့ ဖုန်းဆက်လာပြီးပါပြီ။ ဘူးစဉ်ကျေးရွာနဲ့ သံတောင်ကျေးရွာက အလွန်ဆုံးကြာရင် စက်လှေနဲ့ဆိုရင် တစ်နာရီခွဲလောက်ပဲ ကြာပါ့မယ်။ ကျွန်တော့် အစ်ကို ဦးချားဟော်နဲ့တော့ စကားမပြောရသေးဘူး။ သူတို့ ဒီကနေ့ ပြန်လာမှာပါ။ ဘူးစင်ရွာက ကိုပင်ချေအုပ်စုကပါ။ လွတ်လာတယ်ဆိုတာ သေချာပါပြီ။ ဘူးစင်ရွာမှာ သူတို့ လွတ်မြောက်လာလို့ ဆုတောင်းပွဲ လုပ်ပေးနေကြတယ် ပြောပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးချားဟော်၏ ညီအရင်း ဦးတက်ဟော်က ပြောကြားသည်။
ဖေဖော်ဝါရီ ၂၂ ရက်က ချင်းပြည်နယ် ပလက်ဝမြို့နယ် သံတောင်ကျေးရွာနယ်မြေ လုံခြုံရေး ရဲကင်းစခန်းမှ ရဲအုပ် ဆလိုင်းဘီးဖာ နှင့် သံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချင်းဟော်တို့အား AA လက်နက်ကိုင်အဖွဲ့များက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ထိုသို့ ဖမ်းဆီးခံရပြီး ငါးရက်မြောက် ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြန်လည် လွတ်မြောက်လာသည်ဟု ပြောကြားခြင်း ဖြစ်သည်။
ပြန်လည် လွှတ်ပေးနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် မွန်းလွဲ ၂ နာရီခန့်က ဦးတက်ဟော်ကို ဆက်သွယ် မေးမြန်းခဲ့ရာ “ ပြန်ရောက်ပြီလား ဆိုပြီး လာမေးလာကြတယ်။ AA လက်နက်ကိုင်အဖွဲ့တွေက လာရောက်ခေါ်ယူဖို့အတွက် အကြောင်းကြားတာတော့ ရှိပါတယ်။ AA လက်နက်ကိုင်အဖွဲ့ က ကျွန်တော်တို့ အထက်ဘက်က ရွာတွေက ကိုပင်ချေရွာတို့၊ ဘူးစင်တို့၊ ဘူးချောင်းဝတို့ ကနေ ကမ်းလှမ်းလိုက်တယ်တဲ့။ ရွာက နှစ်ယောက်နဲ့ အရပ်လူကြီး နှစ်ယောက်နဲ့ ဘာသာရေးခေါင်းဆောင် တစ်ယောက်စီလာပါစေ။ ဆွေးနွေးဖို့ လုပ်မယ်ဆိုပြီး ပြောသွားကြတယ်။ ကျွန်တော်တို့ သံတောင်ရွာဘက်က ကမ်းလှမ်းချက် ဘာမှမရှိဘူး။ ကျွန်တော်တို့ကိုတော့ ဘူးချောင်းဝကနေ ကမ်းလှမ်းလာတယ်။ ကျွန်တော်တို့ ဘယ်လိုလုပ်ရင် ကောင်းမလဲ။ ကျွန်တော်တို့သွားရင် ကောင်းမလဲဆိုတာပြောတော့ စိမ့်စမ်းက လူတစ်ယောက်က သွားပြီး အရပ်လူကြီးတစ်ယောက်နဲ့ ဘာသာရေး ဘုန်းတော်ကြီးတစ်ပါး သွားကြတယ်။ ပြန်လာတာ မလာတာ သတင်းပြန်မရသေးဘူး” ဟု ပလက်ဝမြို့နယ် ပလက်ဝမြို့နယ် သံတောင်ကျေးရွာတွင် နေထိုင်သော အုပ်ချုပ်ရေးမှူး ဦးချားဟော်၏ ညီအရင်း ဦးတက်ဟော်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
