စ၊ ဓ၊ ဗ၊ ၀ စမကြီးလေးလုံး စာလုံးများ ရေးထိုးထားသော မျိုးသုဉ်းလုနီး ရှားပါးကြယ်လိပ်များကို ရွှေစက်တော် သဘာဝဘေးမဲ့တောတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
သစ်တောဦးစီးဌာနနှင့် WCS Myanmar၊ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့မှ ဦးစီးပြီး စ၊ ဓ၊ ဗ၊ ၀ စမများ ကျောခွံပေါ်တွင် တက်တူးရေးထိုးထားသည့် မျိုးသုဉ်းလုနီး ရှားပါးကြယ်လိပ်ကောင်ရေ ၆၅၀ ကို ရွှေစက်တော်သဘာဝ ဘေးမဲ့တောတွင် ဖေဖော်ဝါရီ ၂၆ ရက်က ပြန်လွှတ်ပေးခဲ့ကြောင်း လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ကလျာကဆိုသည်။
“တစ်နှစ် တစ်နှစ်ကို ပျမ်းမျှအကောင် ၁၀၀၀ လောက် မှန်းပြီးလွှတ်တယ်။ လောကနန္ဒာ ဘေးမဲ့တောရယ်၊ မင်းစုံတောင် ဘေးမဲ့တောရယ်၊ ရွှေစက်တော် ဘေးမဲ့တောရယ် အဲဒီ မွေးမြူရေးခြံသုံးခုထဲမှာ ပေါက်တဲ့ကြယ် လိပ်တွေထဲက သုံးနှစ်သားကနေ ငါးနှစ်သားအရွယ်တွေ ရွေးပြီး အကုန်ပြန်ရောပြီးတော့ ရွှေစက်တော်ဘေးမဲ့တော သဘာဝတောထဲမှာ လွှတ်တာပေါ့။ ဒီနှစ်ဆိုရင် လောကနန္ဒာက ၅၀၀၊ မင်းစုံတောင်ဘေးမဲ့တောက ၁၀၀၊ ရွှေစက်တော်က ၅၀ အားလုံးပေါင်း ၆၅၀ ကောင်ကို ရွှေစက်တော်ဘေးမဲ့တောရဲ့ သဘာဝတောထဲကို လွှတ်မှာ။ တစ်နှစ်တစ်ခါလွှတ်တာဆိုတော့ အခုဆိုရင် ရွှေစက်တော်မှာကို သုံးကြိမ်တိုင်ပြီ။ ဒီနှစ်က တတိယအကြိမ်မြောက် လွှတ်မှာ။ အရင် ပထမ နှစ် နှစ်က ရွှေစက်တော်မှာ အားလုံးပေါင်း ၁၂၀၀ ကောင် လွှတ်ပြီးသွားပြီ။ အခု ဒီနှစ် ၆၅၀ ကောင် ထပ်လွှတ်ပေးခဲ့တယ်” ဟု ဒေါ်ကလျာက ပြောကြားသည်။
ခြံလှောင်မွေးမြူထားသည့် ကြယ်လိပ်များကို သဘာဝဘေးမဲ့တောထဲသို့ ပြန်လွှတ်ပေးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ လူအများ၏ ခိုးယူမှုမှကာကွယ်နိုင်ရန်နှင့် ၎င်းတို့၏ ရှင်သန်နေထိုင်ကျက်စားမှု အခြေအနေတို့ကို သိရှိနိုင်ရန်၊ ရေရှည်ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ကြယ်လိပ်များ၏ ကျောခွံတွင် စ၊ ဓ၊ ဗ၊ ၀ စမကြီးလေးလုံး တက်တူးရေးထိုးပေးခြင်း၊ ID နံပါတ် ( မှတ်ပုံတင်နံပါတ်) ရေးထိုးပေးခြင်း၊ Transmitter တပ်ဆင်ပေးခြင်း၊ Microchip ထိုးသွင်းပေးခြင်းနှင့် သန်ချဆေးတိုက်ကျွေးပြီး ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ပြုလုပ်ပြီးမှ ဘေးမဲ့တောသို့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ကြယ်လိပ်သည် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံတစ်ခုတည်းတွင်သာ ရှိသည့် မြန်မာနိုင်ငံ၏ ဒေသရင်းဖွား မျိုးစိတ်ဖြစ်ပြီး အလှမွေးအိမ်မွေးတိရစ္ဆာန်အဖြစ် တရားမဝင် တင်ပို့ရောင်းချမှု လွန်ကဲစွာ ပြုလုပ်ခဲ့ကြသဖြင့် သဘာဝတောထဲတွင် ကြယ်လိပ်မျိုးစိတ် ပျောက်ကွယ်ခဲ့သည်။ ယခုအခါ သစ်တောဦးစီးဌာန ဘေးမဲ့တောများတွင် ကြယ်လိပ်များ ပြန်လည်မွေးမြူထားရာ အကောင်ရေတစ်သောင်းကျော် ရှိလာပြီဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
