ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနှစ်ဦးကို WY စိတ်ကြွဆေးပြားများ၊ လက်နက်ခဲယမ်းများနှင့်အတူ ကျားကလေး - ဇာသပြင်လမ်းတွင် ဖေဖော်ဝါရီ ၂၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ဘားအံခရိုင် ရဲတပ်ဖွဲ့မှူးတို့၏ လမ်းညွှန်ချက်ဖြင့် နယ်မြေအတွင်း ဒုစရိုက်မှုများ ပပျောက်ရေးနှင့် မူးယစ်ဆေးဝါး ဖမ်းဆီးရေးတို့ ဆောင်ရွက်နေသည့် ဘားအံခရိုင် အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့မှ ဒုရဲအုပ်ပုလဲမြနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဇာသပြင် နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်နိုင်ဦး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် သက်ရွာလူကြီးများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ ဇာသပြင် - ကျားကလေး လမ်းဘေး မိုင်တိုင် ၁၃ ဒသမ ၅ ကီလိုမီတာနှင့် ၁၄ ကီလိုမီတာကြားတွင် ရပ်ထားသော ကားအား စစ်ဆေးခဲ့သည်။
ရဲတပ်ဖွဲ့မှ အဆိုပါ ကားဘေး၌ ရပ်နေသူ စောဘီယာ (ခ) ဝင်းမြင့်အား သက်သေများရှေ့၌ စစ်ဆေးရာ ၎င်းခါးတွင် တပ်ထားသော USA စာတန်းပါ ကျည်အိတ်အတွင်းမှ ပစ္စတိုတစ်လက်၊ ကျည်အိတ်အတွင်း ကျည် ၁၂ တောင့်နှင့် လက်ပစ်ဗုံးတစ်လုံးတို့ တွေ့ရှိခဲ့သည်။ ကားအတွင်း ထိုင်နေသော သီဟ၏ ညာဘက်လက်ထဲတွင် အရှည် ၃ ပေ ၁၀ လက်မခန့်ရှိ ကာဘိုင်သေနတ်တစ်လက်၊ ကျည်အိမ်အတွင်း ၎င်းကျည် ၁၀ တောင့်တို့အား အသင့်ထည့်၍ ကိုင်ဆောင်လျက် တွေ့ရှိရသည်။
၎င်းတို့နှစ်ဦး၏ ခန္ဓာကိုယ်နှင့် မော်တော်ယာဉ်အား ရှာဖွေကြရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် KNU/KNLA(PC) မှ ထုတ်ပေးထားသည်ဆိုသော ယာဉ်လက်မှတ်တစ်စောင်နှင့် KNU/KNLA(PC) ငြိမ်းချမ်းရေးကောင်စီ၏ တပ်ဖွဲ့ဝင် စိစစ်ရေးကတ်ပြားတစ်ခု၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်ခုတို့ကိုလည်း တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ရရှိသည့် ကနဦးသတင်းများအရ သိရသည်။
သို့ဖြစ်၍ KNU/KNLA(PC) တပ်ဖွဲ့တံဆိပ်ပါ ယာဉ် ၊တပ်ဖွဲ့ဝင်အမည်များ အသုံးပြုကာ လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနှစ်ဦးကို ဘားအံခရိုင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
