စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ်တွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် သံခွံသင်္ဘောရေယာဉ်နှင့်ပတ်သက်၍ အဂတိလိုက်စားမှု ရှိ၊ မရှိ စစ်ဆေးအရေးယူပေးရန်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် နိုင်ငံတော်သမ္မတထံသို့ ကသာမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ဖေဖော်ဝါရီ ၁၈ ရက်ရက်စွဲဖြင့် တိုင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုင်ကြားစာတွင်၂၀၁၆ ခုနှစ် ၉ လပိုင်းက ကသာမြို့နယ် ကျောက်ထုံးကြီးကျေးရွာ၌ တရားမဝင်သစ်ခွဲသားများ ၃ ဒသမ ၆၂၄၂ တန်ဖြင့် မြတ်မိဘ ၂ အမည်ရှိ သံခွံသင်္ဘောတစ်စင်းအား သက်ဆိုင်ရာဌာနများဖြင့် ၀ိုင်းဝန်းပူးပေါင်းဖမ်းဆီးခဲ့သည်ဟု တိုင်ကြားစာတွင် ရေးသားဖော်ပြထားသည်။
ယင်းနောက် ကသာမြို့နယ်တရားရုံးသို့ တရားစွဲဆိုခဲ့ကြောင်း ယင်းတရားစွဲဆိုမှုတွင် တရားခံသုံးဦးကိုလည်း ထောင်ကိုးလစီဖြင့် မြို့နယ်တရားရုံး၊ ခရိုင်တရားရုံးနှင့် တိုင်းတရားရုံးတို့က အမိန့်ချမှတ်ခဲ့ကြောင်း၊ သက်သေခံပစ္စည်းဖြစ်သည့် သံခွံသင်္ဘောကိုလည်း ပြည်သူပိုင်ပစ္စည်းအဖြစ် ထိန်းသိမ်းခဲ့ကြောင်း ၎င်းသံခွံသင်္ဘောကို ပြည်သူ့ဘဏ္ဍာငွေအဖြစ် ရရှိနိုင်ရန်အတွက် လေလံတင်ကြမ်းခင်းစျေး ကျပ်သိန်း ၅၀၀ ဖြင့် လျာထားသတ်မှတ်ထားကြောင်း သိရသည်။
ထိုသို့လျာထားဆောင်ရွက်ပြီး ယခုနှစ်အပါအဝင် သုံးနှစ်ကျော်ကာလတွင် အဆိုပါသံခွံသင်္ဘောသည် ၂၀၁၉ ခုနှစ် ၁ လပိုင်း၂၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်တွင် ၎င်းသင်္ဘောကို တရားမဝင် သစ်ခွဲသားများနှင့်အတူ ဒုတိယအကြိမ် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း တိုင်ကြားစားအရ သိရသည်။
အဆိုပါသင်္ဘောသည် ကသာမြို့နယ်အတွင်း၂၀၁၆ ခုနှစ် ၉ လပိုင်းက ဖမ်းဆီးရမိခဲ့သည့် သင်္ဘောနှင့် အလျား၊ ဗြက်အကျယ်၊ ဇောက်အနက်၊ အင်ဂျင်နံပါတ်ကအစ လုံးဝတူညီနေကြောင်း၊ မြတ်မိဘ (၂) အမည်ရှိ သံခွံသင်္ဘောသည် လေလံပစ်ရခြင်းမရှိသေးကြောင်း ကသာမြို့နယ်တွင် ထိန်းသိမ်းထားသည့် မြတ်မိဘ (၂) အမည်ရှိ သံခွံသင်္ဘောသည် ယခင်နေရာတွင် မရှိတော့ကြောင်း ဆက်လက်သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကသာခရိုင် ကသာမြို့နယ်တွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် သံခွံသင်္ဘောနှင့်ပတ်သက်၍ အဂတိလိုက်စားမှု ရှိ၊ မရှိ စစ်ဆေးအရေးယူပေးရန်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် နိုင်ငံတော်သမ္မတထံသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
