ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ တောင်နဝင်းတမံ ပြုပြင်ခြင်းလုပ်ငန်းများကို စက်ယန္တရားများစွာဖြင့် အရှိန်အဟုန်မြင့် လုပ်ဆောင်လျှက်ရှိပြီး ၂၀၁၉ မတ်လအကုန် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တောင်နဝင်းရေလှောင်တမံ တမံထိပ် မျက်နှာပြင် အက်ကြောင်းဖြစ်ပေါ်မှုနှင့် နိမ့်ကျခဲ့မှုအား ပညာရှင်များ၏ ညွှန်ကြားချက်အတိုင်း ရေလှောင်တမံကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မိုးရာသီမတိုင်မီ ပြီးစီးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး မတ်လအကုန်တွင် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ် ပြန်ထားသည်။
“ကျွန်တော်တို့က ဒါကတော့ ဦးစားပေးအနေနဲ့ လုပ်ငန်းစဉ်လေးခုကို ဆောင်ရွက်တာပေါ့။ သူအခြေအနေပေါ်မှာ အရေးပေါ်ကာလမှာဆိုရင် လုပ်ငန်းစဉ်အဆင့် ဆွဲတာ ဌာနက ဆွဲကရှိတယ် ထွေအုပ်က ကော်မတီဖွဲ့တာရှိတယ်။ အရေးပေါ်အစီအစဉ်တွေကတော့ ရှိပြီးသား။ ဒီလုပ်ငန်းစဉ်တွေက စောနကပြောသလို မိုးမကျမီ အရေးပေါ်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်လေးခုနဲ့ ဆောင်ရွက်နေတာဖြစ်တယ် အောက်မှာဆိုရင် မြေနဲ့ပိုုးမယ်။ အပေါ်ကို လွှာမယ်။ အိုးအေအောက်က ဖောင်ဒေးရှင်းထဲကို ဘိလပ်မြေနဲ့မှုတ်မယ် မျက်နှာပြင်ကို တစ်လွှာခြင်းဆီ ခြစ်ထုတ်ပြီး အက်ကြောင်းလေးတွေ၊ ဖြစ်စဉ်လေးတွေ ကြည့်မယ်။ ဒါတွေက မိုးမတိုင်မီကို ဦးစားပေး လုပ်ဆောင်ရမယ့် အဆင့်။ ပြီးရင်အချိန်နဲ့ တပြေးညီ တောက်လျှောက် စောင့်ကြည့်သွားမယ်။ တိုင်းတဲ့ကိရိယာတွေနဲ့ တမံရဲ့လှုပ်ရှားမှု ရှိ မရှိ စစ်နေမယ်” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ပြောကြားသည်။
အဆိုပါ တောင်နဝင်းရေလှောင်တမံမှာ ငလျင်လေးကြိမ်လှုပ်ခတ်မှုကြောင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၈ ရက်ကစတင်ကာ တမံမျက်နှာပြင် မိုင်တိုင်အမှတ် ၆၀၀၀ နှင့် ၆၁၀၀ ကြား တစ်ပေခန့် နိမ့်ကျခဲ့ခြင်း၊ တမံမျက်နှာပြင် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ပြီး အမြန်ဆုံး ပြင်ဆင်ပေးရန်အတွက် ဒေသခံများက ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကာ နိုင်ငံတော်အဆင့် တာဝန်ရှိလူကြီးများ၊ ပညာရှင်များ၊ ဂျပန်ပညာရှင်များ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အရှိန်အဟုန်မြှင့် ပြင်ဆင်ရန်ဆုံးဖြတ်ချက်အရ ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး စိုးရိမ်မှုမဖြစ်ရန်အတွက် သက်ဆိုင်ရာဌာနအကြီးအကဲများက ဒေသခံများနှင့် တွေ့ဆုံရှင်းလင်းခဲ့ကြကာ စိုးရိမ်မှုကြောင့် ရေလွတ်ရာသို့ ပြောင်းရွေ့နေထိုင်သူ ဒေသခံ ၃၀၀ နီးပါးရှိလာပြီဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
