မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်နှစ်ဦးကိစ္စ ဥပဒေအတိုင်း ဖြစ်စေရမည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောကြားသည်။
ဝန်ကြီးချုပ်အနေဖြင့် လက်ရှိတွင် ယင်းကိစ္စရပ်များကို ကြားသိထားပြီး နေပြည်တော်တွင် အစည်းအဝေး ရက်ရှည်တက်နေရကြောင်း ပြောကြားသည်။
ဝန်ကြီးချုပ်က “သတင်းကတော့ ကြားပြီးပြီ။ ဥပဒေအတိုင်း ဖြစ်စေချင်တယ်။ ဥပဒေအတိုင်းလည်း ဖြစ်ရမှာပေါ့။ အစိုးရအဖွဲ့ကလည်း တစ်ရှူးငှက်ပျော တိုးချဲ့စိုက်ပျိုးတာတွေကို တားမြစ်ထားတာ ကြာပါပြီ။ ခုစိုက်ပြီးသားတွေကိုလည်း ဥပဒေလမ်းကြောင်းတည့်ဖို့ အဖွဲ့ဖွဲ့ပြီးသားပါ။ အသစ်ထပ်စိုက်တာတွေကိုလည်း အခုစိစစ်ခိုင်းမယ်” ဟု ဆိုသည်။
မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်နှစ်ဦးကို ဝိုင်းမော်မြို့မှ သခင်စစ်ကုမ္ပဏီက ခေါ်ဆောင်ခဲ့ပြီး ခြိမ်းခြောက်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ ရှိခဲ့သောကြောင့် ဝိုင်းမော်မြို့မရဲစခန်းတွင် (ပ) ၃၂ /၂၀၁၉၊ ပုဒ်မ ၃၅၄/ ၂၉၄/ ၃၄၁/ ၃၂၃/ ၁၁၄ ဖြင့် အမှုဖွင့်ထားသည်။
မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်နှစ်ဦးကို “မန်ဒေါင်ကျေးရွာအုပ်စုတွင် တရုတ်တစ်ရှူး ငှက်ပျောစိုက်ပျိုးသည့် ကုမ္ပဏီနှစ်ခု ဝင်ရောက်လုပ်ကိုင်နေ” ဆိုသည့် ခေါင်းစီးဖြင့် သတင်းရေးထားခြင်းကို ဖြေရှင်းရန် ကုမ္ပဏီဘက်က ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း မြစ်ကြီးနားသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးဇော်ခွန်းက ပြေကြားသည်။
ဦးဇော်ခွန်းက ]”ဒါနဲ့ပတ်သက်ပြီး ပုဒ်မငါးခုနဲ့ အမှုဖွင့်ထားပါတယ်။ သတင်းထောက်နှစ်ယောက် ညှဉ်းပန်းခံရတာ ကချင်ပြည်နယ် သတင်းထောက်တွေအားလုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်လို့ တရားဥပဒေ လမ်းကြောင်းအတိုင်း ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်” ဟု ဆိုသည်။
ကချင်ပြည်နယ်အခြေစိုက် သတင်းသမားများက ယင်းဖြစ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေသည့် တာဝန်ရှိသူများအနေဖြင့် ကာကွယ်ပေးနိုင်ရန် တိုက်တွန်းချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
