ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာများမှ ရေဘေးသင့်ပြည်သူ (၁၅၀၀၀)ကျော်အား ကယ်ဆယ်ရေးစခန်း (၁၇)ခုတွင် ယာယီပြောင်းရွှေ့နေရာချ ထားပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် ရေများဝင်ရောက်လျက်ရှိပြီး နေရာဒေသအသီးသီးတွင် ပိတ်မိနေသည့် ဒေသခံများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်း စက်တင်ဘာ (၁၀) ရက်မှ (၁၁) ရက်ထိ မိုးအဆက်မပြတ်ရွာသွန်း၍ ဆင်ေ-သချောင်း ရေပြည့် ရေကျော်သဖြင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိရာ ကယ်ဆယ်ရေး အဖွဲ့များက ရေဝင်ရောက်သော ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်း၍ ရေဘေးသင့်ပြည်သူများကို လူအင်အား၊ စက်လှေများဖြင့် ကူညီကယ်ဆယ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကယ်ဆယ်ရေးလုပ်ဆောင်ရာ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၃၅၉၅)တို့မှ ရေဘေးသင့်ပြည်သူ (၁၅၂ ၀၁) ဦးတို့အား ကနဦး ကယ်ဆယ်ထားနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းများဖြစ်သည့် မရှိခဏဘုရား(မြို့မ)၊ ချောင်းမကြီးကျောင်း(မြို့မ)၊ မြို့မကျောင်း(ကျည်တောင်ကန်)၊ မှန်ကျောင်း(ကျည်တောင်ကန်)၊ တိုက်သစ်ကျောင်း(ကျည်တောင်ကန်)၊ ဈေးကုန်းကျောင်း (ကျည်တောင်ကန်)၊ ဉာဏဂုဏ်ရည် (ဖြုတ်ခွဲ)၊ ဖြုတ်ကုန်း(ဖြုတ်ခွဲ)၊ ကြံတဲစု(ဖြုတ်ခွဲ)၊ ကျောင်းကုန်း(ဖြုတ်ခွဲ)၊ ဥပ္ပါတသန္တိဘုရားကြီး(ဓမ္မာရုံ)၊ တပေါင်းကွင်း(အေးမြင့်သာယာ)၊ ဇေယျာအောင်ဘုရားကိုးဆူကျောင်း၊ မနှင်းဆီတောရ (အေးမြင့်သာယာ)၊ ရွှေဗျိုင်းအင်း (အေးမြင့်သာယာ)၊ သပြေတန်းဓမ္မာရုံ(အေးမြင့်သာယာ)၊ သပြေတောင်(အေးမြင့်သာယာ) ကယ်ဆယ်ရေးစခန်းများတွင် ယာယီပြောင်းရွှေ့နေရာချထားပေးပြီး စောင့်ရှောက်ထားကြောင်း သိရသည်။
၎င်းရေဘေးသင့်ပြည်သူများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများမှ အားပေး စကားများပြောကြားပြီး လိုအပ်သည့် ဆေးဝါးများ စိစစ်ဆောင် ရွက်၍ မာမားခေါက်ဆွဲခြောက်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စေတနာရှင်ပြည်သူများကလည်း ထမင်းထုပ်၊ ရေသန့်၊ အလှူငွေများ လှူဒါန်းခြင်း၊ ခုတင်(၅၀) ဆံ့ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများမှလည်း ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိကြောင်း သိရသည်။
ယာဂီမုန်တိုင်း လက်ကျန်လေပွေလှိုင်းအရှိန်ကြောင့် နိုင်ငံတဝန်း စက်တင်ဘာ (၁၀) နံနက်ပိုင်းမှစတင်၍ ရေကြီး ရေလျှံမှုများနှင့် ရင်ဆိုင်နေရပြီး ၎င်းနေရာဒေသများသို့ ရန်ကုန်၊ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းများနှင့် ပရဟိတအဖွဲ့ အသီးသီးက မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
