ပုဂံညောင်ဦးဒေသတွင် နှစ်ပေါင်း ၆၀ အတွင်း မိုးရေစံချိန်သစ်တင်ခဲ့ပြီး ပုဂံရှေးဟောင်းစေတီအချို့၏ တံတိုင်းအချို့ ပြိုကျခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၂ ရက် ညောင်ဦးမြို့၊ မိုးလေဝသနှင့် ဇလဗေဒ ဌာန၏ တိုင်းတာချက်အရ မိုးရေချိန်မှာ ၈ ဒသမ ၅၁ လက်မရွာသွန်းခဲ့ခြင်းဖြစ်ပြီး စခန်းစတည်သည့် ၁၉၆၄ ခုနှစ်မှ နှစ်ပေါင်း ၆၀ အတွင်း အများဆုံးဖြစ်ကြောင်း မှတ်တမ်းများအရသိရသည်။
ညောင်ဦးမြို့၊ မိုးလေဝသနှင့် ဇလဗေဒရုံး ဦးစီးမှူး ဒေါ်ခင်လှနုက '' မိုးရေချိန်က မကြုံဖူး။ မမျှော်လင့်ဖူးတဲ့မိုးရေချိန်ပါ။ မိုခါတုန်းက မိုးရေချိန်အများဆုံးရက် ၆ လက်မကျော်ပဲရှိတယ်။တောင်တရုတ်က ရာဂိနှင့် မုတ်သုံလေအားကောင်းတာ တွေ့တယ်။ လေပွေလှိုင်းဖြစ်တယ်။ မိုးအလွန်ကြီးတာတွေ ဖြစ်တာပေါ့''ဟု ဆိုသည်။
မိုးကြီးမှုကြောင့် ၁၃ ရာစုလက်ရာ ဘုရားအမှတ် ၁၀၄၂ ဆင်က ဘုရား၊ ၁၂ ရာစု လက်ရာ ငှက်ပစ်တောင်ပေါ်ရှိ ဘုရားအမှတ် ၁၆၇ စေတီကြီးဘုရား၊ ဘုရားတံတိုင်း အစိတ်အပိုင်းအနည်းငယ်ပဲ့ကျခြင်း၊ ဘုရားအချို့ရေစိမ့်ခြင်းများ ရှိခဲ့သည်။
ရှေးဟောင်းဘုရား ထိန်းသိမ်းပြုပြင်ရေး နည်းပညာကျွမ်းကျင်သူ ဦးဇေမျိုးလင်းက ပြိုကျရသည့်အကြောင်းအရင်းမှာ ရေဝထားသည့် လက္ခဏာများ တွေ့ရကြောင်း၊ လေထုထဲတွင် ရေခိုးရေငွေ့ပါဝင်မှုများကြောင်း၊ လုံလောက်သည့် နေရောင်ချည်နှင့် အပူဓာတ်မရကြောင်း၊ ရေခိုးရေငွေကို နေပူသည့်အချိန်တွင် အငွေ့ပျံသွားအောင်မထုတ်နိုင်ကြောင်း၊ မြေသားအင်္ဂတေ၏ တွယ်ကပ်၊ တွယ်ကုပ်နိုင်စွမ်းအား မရှိတော့ခြင်း အစရှိသည်တို့ကြောင့် ပြိုကျခြင်းဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် သုံးသပ်ထားသည်။
ပုဂံဘုရားနံရံဆေးရေး ပန်းချီထိန်းသိမ်းရေးတွင် ပါဝင်နေသူ တစ်ဦးက လက်ရှိတွင် ထိခိုက်နေသည့် နံရံဆေးရေးဘုရားများ မတွေ့သေးကြောင်း၊ရှေးဟောင်း ဘုရားငါးဆူတွင် ရေစိမ့်ဝင်မှုများ တွေ့ခဲ့ရကြောင်း ဆိုသည်။
ပုဂံဒေသတွင် ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းတွင် မိုးကြီးမှု၊ရေလွှမ်းဒဏ်ခံရမှုကြောင့် ပြုပြင်ခဲ့သည့် ရှေးဟောင်းရေကန်အားလုံးမှာလည်း ရေပြည့်သွားကြောင်း၊ သစ်ပင်ကြီးများ ပြိုလဲမှုကို ရှင်းလင်းခဲ့ကြောင်း၊ ထိခိုက်မှုကြီးကြီးမားမား မရှိခဲ့ကြောင်း ညောင်ဦးမီးသတ်ဌာနက ဆိုသည်။
ညောင်ဦး မိုးဇလရုံး၏ မှတ်တမ်းများအရ ၁၉၉၄ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ဆယ်နှစ်တာကာလအတွင်း မိုးရေချိန် ၃ လက်မအထက် (မိုးသည်းထန်)ရွာသွန်းမှုမှ နှစ်ကြိမ်သာရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှ ၂၀၁၃ ခုနှစ် ဒုတိယဆယ်နှစ်ကာလတွင်၂၄ နာရီအတွင်း ၃ လက်မအထက်ရွာသွန်းမှု ခြောက်ကြိမ်အထိ တိုးလာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
