အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်းပြဖြစ်သူ ဂါရက်ဆောက်ဂိတ်က မိမိ နောက်လုပ်မည့် အလုပ်သည် ဘောလုံးလောကအတွင်းက အလုပ်ဖြစ်နိုင်သလို ဘောလုံးလောက ပြင်ပအလုပ်လည်း ဖြစ်နိုင်သည် ဟု ပြောကြားခဲ့သည်။
ဆောက်ဂိတ်သည် BBC က ဦး ဆောင်ကျင်းပသည့် 9/11 ဖြစ်ရပ်ဆိုး (၂၃) နှစ်ပြည့်အခမ်းအနား ရန်ပုံငွေပွဲသို့ တက်ရောက်လာခဲ့ချိန်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံရာ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"အင်္ဂလန်လက်ရွေးစင်အသင်းနည်း ပြရာထူးမှာ ကျွန်တော် အရမ်းပျော်စရာကောင်းတဲ့ (၈) နှစ်တာ အချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ အခုအချိန်မှာတော့ ကျွန်တော့်ရဲ့အနာဂတ်အတွက် အားပြန်မွေးပြီး ဖန်တီးမှုအသစ်တွေအတွက် ပြန်ဖြည့်နေတဲ့ အချိန်ပါ။ ဘောလုံးလောကထဲ အလောတကြီး ပြန်ဝင်ဖို့ မရှိသေးပါဘူး။ အခုအချိန်မှာ ကျွန်တော် နောက်လုပ်မယ့် အလုပ်က ဘောလုံးလောကအတွင်း ရှိနေနိုင်သလို ဘောလုံးလောက ပြင်ပမှာ လည်း ဖြစ်နေနိုင်ပါတယ်။ ကျွန်တော် မဆုံးဖြတ်ရသေးပါဘူး"ဟု ဆောက်ဂိတ်က ပြောကြားခဲ့သည်။
ဆောက်ဂိတ်သည် ပြီးခဲ့သည့်နွေရာသီက မန်ယူအသင်းနည်းပြသစ် ဖြစ်လာရန် ရေပန်းစားခဲ့သလို၊ လက်ရှိအချိန်တွင်လည်း မန်ယူနည်းပြ တန်ဟက်ဂ်မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရာ ဆောက်ဂိတ်သည် မန်ယူနည်းပြဖြစ်လာဖွယ်ရှိသည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်ဖော်ပြနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
