ရီးယဲလ်အသင်း၏ လာလီဂါပြိုင်ပွဲ၌ ရှုံးပွဲမရှိမှုမှာ တစ်နှစ်ပြည့်တော့မည်ဖြစ်ကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် ၂၀၂၃ စက်တင်ဘာ(၂၄)တွင် အက်သလက်တီကိုအသင်းကို (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း လာလီဂါတွင် (၃၆)ပွဲဆက်တိုက် ရှုံးပွဲမရှိတော့ခြင်းဖြစ်သည်။
၎င်းတို့အနေဖြင့် ဆိုစီဒက်၊ အက်စ်ပန်ညိုနှင့် အလာဗတ်စ်တို့နှင့် ယှဉ်ပြိုင်ရမည့်ပွဲများတွင် မရှုံးနိမ့်အောင် စွမ်းဆောင်နိုင်ခဲ့ပါက လာလီဂါရှုံးပွဲမရှိမှု တစ်နှစ်ပြည့်မည်ဖြစ်ကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် ယခုရာသီတွင် ပြီးခဲ့သည့်ရာသီကကဲ့သို့ ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ယခုရာသီ လာလီဂါပွဲစဉ် (၄) အပြီးတွင် (၂) ပွဲနိုင်၊ (၂) ပွဲသရေဖြင့် (၈)မှတ်သာ ရရှိထားပြီး ရာနှုန်းပြည့်အနိုင်ရထားသည့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဘာစီလိုနာအသင်း (၁၂ မှတ်)နှင့် (၄) မှတ်အထိ ကွာဟနေသည်။
ထို့ပြင် ပြီးခဲ့သည့်နွေကမှ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် ပြင်သစ်တိုက်စစ်မှူး ဘာပေမှာလည်း လာလီဂါ (၄) ပွဲတွင် (၂) ဂိုးသာ သွင်းယူနိုင်သေးသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
