ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရသော ဘာစီလိုနာကွင်းလယ်လူ ဂါဗီသည် လေ့ကျင့်မှု ပြန်လည်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ဂါဗီ(၂၀ နှစ်)သည် ပြီးခဲ့သည့်နှစ်က ယှဉ်ပြိုင်ခဲ့သော ဂျော်ဂျီယာအသင်းနှင့် ယူရို-၂၀၂၄ ခြေစစ်ပွဲတွင် ACL ဒဏ်ရာရရှိခဲ့သည့်အ တွက် (၁၀)လနီးပါး အနားယူခဲ့ရခြင်းဖြစ်သည်။
ဂါဗီသည် အသင်းနှင့်အတူ လေ့ကျင့်မှု ပြန်လည်ပြုလုပ်နိုင်ပြီဖြစ်သည့်အတွက် ယခုတစ်ပတ် လာလီဂါနှင့် ချန်ပီယံလိဂ်ပွဲများတွင် ပါဝင်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် နည်းပြ ဟန်ဆီဖလစ်ခ်လက်ထက်တွင် ခြေစွမ်းပြနေပြီး လာလီဂါပွဲစဉ် (၄) အပြီးတွင် ရာနှုန်းပြည့်နိုင်ပွဲရကာ ရမှတ် (၁၂) မှတ်ဖြင့် အဆင့် (၂) နေရာမှ ရီးယဲလ်မက်ဒရစ်အသင်း (၈ မှတ်)ကို (၄) မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နေသည်။
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်အနေဖြင့် ဂါဗီအား အခြေအနေကို စောင့်ကြည့်နေပြီး ကြံ့ခိုင်မှုပြည့်ဝမှသာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
