မန်စီးတီးအသင်းမှ စပိန်ကွင်းလယ်ကစားသမား ရိုဒရီက Ballon d'Or ဆုရရှိရန်မှာ မိမိ အတွက် အိပ်မက်တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။
ရိုဒရီသည် ပြီးခဲ့သည့်ရာသီ၌ မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့ပြီး စပိန်လက်ရွေးစင်အသင်းနှင့်အတူ ယူရို-၂၀၂၄ ချန်ပီယံဆု ရယူနိုင်ခဲ့သည်။
ကလပ်အသင်းတွင်ရော လက်ရွေးစင်အသင်းတွင်ပါ ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် Ballon d'Or ဆုရရှိရန် အလားအလာအကောင်းဆုံးကစားသမားတစ်ဦးဖြစ်နေသည်။
၎င်းကလည်း Ballon d'Or ဆုရရှိရန် မျှော်လင့်ထားပြီး ယင်းဆုရရှိရန်မှာ အိပ်မက်တစ်ခုဖြစ်သည်ဟု ဝန်ခံပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၄ Ballon d'Or ဆုပေးပွဲကို အောက်တိုဘာ (၂၉) ရက်တွင် ပါရီမြို့၌ ကျင်းပမည်ဖြစ်ပြီး ရီးယဲလ်ကစားသမားဖြစ်သည့် ဗင်နီစီယပ်စ်နှင့် ဘယ်လင်ဟမ်တို့သည် မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီနှင့်အပြိုင် ဆုရရှိရန် ရေပန်းစားနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
