ဆော်ဒီကလပ် အယ်လ်အာလီအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ခါလက်အယ်လ်အစ်ဆာက ရီးယဲလ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသ မား ဗင်နီစီယပ်စ်ကို လာမည့်ဇန်နဝါရီတွင် ထပ်မံကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။
အယ်လ်အာလီအသင်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ဗင်နီစီယပ်စ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀၀)ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ရီးယဲလ်အသင်းက ငြင်းပယ်ခဲ့သည်။
ရီးယဲလ်အသင်းသည် ဗင်နီစီ ယပ်စ်ကို ယူရို(၁)ဘီလီယံတန် လျော်ကြေးစာချုပ်ချုပ်ဆိုထားသည့်အတွက် အယ်အာလီအသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အယ်လ်အာလီအသင်းသည် ရီးယဲလ်အသင်းထံ မြင့်မားသည့် ပြောင်းရွှေ့ကြေးတန်ဖိုးဖြင့် ကမ်းလှမ်းခဲ့သလို၊ ဗင်နီစီယပ်စ်ကိုလည်း (၅)နှစ်စာချုပ်အတွက် လစာအဖြစ် ယူရို(၁)ဘီလီယံပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းများမှာ ကောလာဟလဆန်ခဲ့သော်လည်း ယခုအခါ အယ်လ်အစ်ဆာက ဗင်နီစီယပ်စ်ကို နွေရာသီတွင် ကမ်းလှမ်းခဲ့ကြောင်းနှင့် ဇန်နဝါရီတွင် ထပ်မံကြိုးပမ်းမည်ဖြစ်ကြောင်း အယ်လ်အာလီဥက္ကဋ္ဌ ခါလက်အယ်လ်အစ်ဆာက အတည်ပြုခဲ့ခြင်းဖြစ်သည်။
"ထိပ်တန်းတောင်ပံကစားသမားတစ်ယောက် ခေါ်ယူဖို့ နွေရာသီမှာ ကြိုးစားခဲ့ပြီး ဗင်နီစီယပ်စ်ကို ကမ်းလှမ်းခဲ့ပါတယ်။ ဒီစိတ်ကူးကို လာမယ့်ဆောင်းရာသီမှာ အကောင်အထည်ဖော်နိုင်အောင် ကြိုးစားဦးမှာပါ"ဟု ခါလက်အယ်လ်အစ်ဆာက ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
