■ နီကိုဝီလီယံစ် ဘီလ်ဘာအိုတွင် ဆက်ရှိ၍ ပျော်ရွှင်မိသည်ဟု တီဘက်စ် ပြောကြား
24htopnews | September 13, 2024 4:12 PM CST
လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ်က စပိန်တိုက်စစ်ကစားသမား နီကိုဝီလီယံစ် ဘီလ်ဘာအိုအသင်းတွင် ဆက်ရှိ၍ ပျော်ရွှင်မိသည်ဟု ပြောကြားခဲ့သည်။
နီကိုဝီလီယံစ်သည် ဘီလ်ဘာအိုအသင်းတွင် ခြေစွမ်းပြနေသလို၊ ယူရို-၂၀၂၄ ပြိုင်ပွဲ တွင်လည်း ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ဘာစီလိုနာအသင်းက ၎င်းကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
နီကိုဝီလီယံစ်၏အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့သည့်အတွက် တီဘက်စ်က ပျော်ရွှင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နီကိုဝီလျံစ်အနေဖြင့် ထိပ်သီး အသင်းတစ်သင်းသို့ မပြောင်းရွှေ့ဘဲ ဘီလ်ဘာအိုတွင် ဆက်ရှိခဲ့သည့်အတွက် အလွန်ပျော်ရွှင်ကြောင်းနှင့် ယင်းအခြေအနေမှာ လာလီဂါအတွက် အပေါင်းလက္ခဏာဆောင်ကြောင်း တီဘက်စ်က ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
