အာဆင်နယ်အသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ပီရက်စ်က အာဆင်နယ်အသင်းအနေဖြင့် လူမစုံလင်သည့်အခြေအနေရှိနေသော်လည်း ယခုတစ်ပတ် ယှဉ်ပြိုင်ကစားရမည့် မြောက်လန်ဒန်ဒါဘီပွဲ၌ စပါးအသင်းကို အနိုင်ရနိုင်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် မြောက်လန်ဒန်ဒါဘီအဖြစ် တနင်္ဂနွေနေ့တွင် စပါးအသင်းကို အဝေးကွင်း၌ သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အာဆင်နယ်အသင်းသည် အဆိုပါပွဲစဉ်အတွက် အသင်းအဓိကကစားသမားများကို ဆုံးရှုံးထားရသည်။ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါသည် စပါးအသင်းနှင့်ကစားမည့်ပွဲကို ခြေချင်းဝတ်ဒဏ်ရာကြောင့် လွဲချော်မည်ဖြစ်သလို၊ အဓိကကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်မှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ယင်းပွဲကို လွဲချော်မည်ဖြစ်သည်။
"ဒက်ကလန်ရိုက်စ်မပါနိုင်တာက အသင်းအတွက် ဆုံးရှုံးမှုဖြစ်ပေမဲ့ သူမပါဘဲ ဒါဘီပွဲမှာ အာဆင်နယ်အသင်း အနိုင်ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းရဲ့ လူအင်အားက ပိုကောင်းလာတာကြောင့်ပါ"ဟု ပီရက်စ်က ပြောကြားခဲ့သည်။
ထို့ပြင် ပီရက်စ်သည် ပြင်သစ်နောက်ခံလူ ဆာလီဘာ၏ ခြေစွမ်းခြေစကိုလည်း ချီးကျူးပြောကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် မြောက်လန်ဒန်ဒါဘီပြိုင်ဘက် စပါးအသင်း နောက်ဆုံး (၂) ရာသီဆက်တိုက် အဝေးကွင်း အနိုင်ရထားကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
