ပရီးမီးယားလိဂ်စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်ကြောင်း စွပ်စွဲခံထားရသည့် မန်စီးတီးအသင်းကို တနင်္လာနေ့တွင် စတင်ကြားနာစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ၂၀၀၉-၁၀ ရာသီမှ ၂၀၂၂-၂၃ ရာသီအတွင်း ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု (၁၁၅)ခု ကျူးလွန်ထားကြောင်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်စွဲချက်တင်ခံခဲ့ရခြင်းဖြစ်သည်။
မန်စီးတီးအသင်းက ၎င်းတို့ အပြစ်ကင်းကြောင်း တုံ့ပြန်ထားသော်လည်း တနင်္လာနေ့တွင် ကြားနာစစ်ဆေးမှုနှင့် စတင်ရင်ဆိုင်ရမည်ဖြစ်ပြီး အဆိုပါကြားနာစစ်ဆေးမှုမှာ နှစ်လဝန်းကျင် ကြာမြင့်လိမ့်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
မန်စီးတီးအသင်းသည် ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိခဲ့ရပါက ကြီးလေးသည့် အမှတ်လျှော့ပြစ်ဒဏ်နှင့် ရင်ဆိုင်ရမည်ဖြစ်သောကြောင့် တန်းဆင်းရသည့်အခြေအနေအထိပင် ရောက်ရှိနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၄)ရာသီဆက်တိုက် ရရှိထားသည့်အသင်းဖြစ်ပြီး လက်ရှိအချိန်၌ အင်္ဂလန်ဘောလုံးလောကတွင် ပြိုင်ဘက်ကင်းအသင်းအဖြစ် ရပ်တည်နေသည်။
သို့သော် ယခုကဲ့သို့ ၎င်းတို့ အင်အားကြီးထွားလာခဲ့ခြင်းမှာ စည်းမျဉ်းချိုးဖောက်မှုများကြောင့်ဖြစ်ကြောင်း ပြိုင်ဘက်အသင်းပရိ သတ်အချို့၏ စွပ်စွဲမှုများနှင့်လည်း ရင်ဆို်င်နေရသည်။
ယင်းအခြေအနေတွင် လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ် မန်စီးတီးအသင်း အရေးယူခံရရန် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းအများစုက လိုလားနေကြကြောင်း သုံးသပ်ပြောကြားခဲ့သည်။
"ပရီးမီးယားလိဂ်ကလပ်အသင်းများစွာနဲ့ ကျွန်တော် စကားပြောခဲ့တော့ အများစုက စီးတီးအသင်းအနေနဲ့ အရေးယူခံရသင့်တယ်လို့ ယူဆနေကြပါတယ်"ဟု တီဘက်စ်က ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်သည် လိဂ်ပြိုင်ပွဲနှင့် ကလပ်အသင်းများ ရေရှည်တည်မြဲရန်အတွက် ဘဏ္ဍာရေးစည်းမျဉ်းများ ချမှတ်ထားခြင်းဖြစ်ပြီး ချိုးဖောက်သည့်အသင်းများကို အမှတ်လျှော့ပြစ်ဒဏ်များ ချမှတ်လေ့ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
