ရွှေဖိနပ်မှာ သွင်းဂိုးသင်္ကေတနဲ့ ဟာရီကိန်း
24htopnews | September 13, 2024 4:12 PM CST
ဟာရီကိန်း ဂိုးသွင်းတယ်ဆိုတာ မထူးဆန်းပါဘူး။ ဒါပေမဲ့ဒီတစ်ခါဟာရီကိန်းဂိုးသွင်းတာ ထူးခြားပါတယ်။ သူက အင်္ဂလန်လက်ရွေးစင် ကစားသမားဘ၀ ရာပြည့်ပွဲမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တာပါ။ အရင်လို သာမန်ဘောလုံးကန်ဖိနပ် ဝတ်ဆင်ပြီးဂိုး သွင်းတာမဟုတ်ဘဲ ရွှေရောင်ဖိနပ်ဆင်မြန်းပြီး ဟာရီကိန်းက အမှတ်တရဂိုးတွေ ဖန်ဆင်းပြခဲ့တာပါ။ အင်္ဂလန်အသင်းနဲ့ ဟာရီကိန်းရဲ့သွင်းဂိုးတွေဟာ ရှေးဘဝက ရေစက်ပါလာသလိုမျိုး ပထမဆုံး အခိုက်အတန့်မှာပဲ ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ မတ်လအတွင်းကစားတဲ့ လစ်သူယေနီးယားနဲ့ ယူရို၂၀၁၆ ခြေစစ်ပွဲမှာ ဟာရီကိန်းက လူစားဝင်ကစားပြီး ၇၉ စက္ကန့်အကြာမှာပဲ ဂိုးသွင်းနိုင်ခဲ့တာပါ။ အဲဒီကစလို့ နောက်ဆုံးကစားတဲ့ဖင်လန်နဲ့ပွဲအထိကိုးနှစ်ကျော်အတွင်း ဟာရီကိန်းရဲ့အင်္ဂလန်ကစား သမားဘဝသွင်းဂိုးက ၆၈ ဂိုးရှိလာပါပြီ။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
