မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ နေအိမ်အား ဝင်ရောက်ကာ ဓ-ားပြတိုက် လုယက်မှု ကျူးလွန်သူ (၇) ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိကြောင်း နစကမှ စက်တင်ဘာ (၁၂)ရက် ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာ (၁၁) ရက် ည (၇) နာရီ (၄၅) မိနစ်အချိန်က ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ) ရပ်ကွက်၊ ၆၁ (A) လမ်း၊ ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားနေ ဦးရဲလင်းရွှေ (၄၇) နှစ်မှာ နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် Alphard အမျိုးအစားယာဉ်ဖြင့် အမျိုးသား (၇) ဦး ရောက်ရှိလာကြောင်း သိရသည်။
၎င်းတို့အနက်မှ အမျိုးသား (၄) ဦးက ဓ-ား၊ ေ-သနတ်များကိုင်ဆောင်၍ နေအိမ်အတွင်း ဝင်ရောက်လာကာ ဦးရဲလင်းရွှေ၏ (၄)နှစ်အရွယ် သမီးဖြစ်သူကို ရို-က်နှက်၍ နေအိမ်ရှိ စူပါကပ်ဆိုင်ကယ် (၁) စီးနှင့် ထီး (၁) လက်တို့အား ဖျက်ဆီးပြီး ဦးရဲလင်းရွှေပိုင်ဆိုင်သည့် SUZUKI အမျိုးအစားခဲရောင်ယာဉ် (၁) စီး၊ IPhone 10 XR လက်ကိုင်ဖုန်း (၁) လုံးတို့အား ဓ-ားပြတိုက်လုယက်ယူဆောင် ထွက်ပြေးသွားကြောင်း သိရသည်။
ဖြစ်စဉ်ကို သတင်းအရ ပြည်ကြီးတံခွန်မြို့မ ရဲစခန်း (ပ) ၂၂ ၈/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၂၃/၄၂၇ ဖြင့် အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အထူးအမှုစစ်အဖွဲဖြင့် အခင်းဖြစ်ရပ်မှတ်တမ်း အထောက်အထားများရယူ၍ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ လုံခြုံရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများမှ သတင်းအချက်အလက်များရယူစုံစမ်းဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဖော်ထုတ်ချက်အရ ည (၁၀) နာရီ (၄၅) မိနစ်တွင် ပြည်ကြီးတံခွန်မြိုနယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ၆၈ (D) လမ်းနှင့် မင်္ဂလာလမ်းထောင့်၌ ပြစ်မှုကျူးလွန်သူများဖြစ်သည့် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်နေ ဇွဲထက် (ခ) ဇောင်းထက် (၂၆) နှစ် (ဘ) ဦးရဲဝင်း၊ တစ်ရပ်ကွက်တည်းနေ ချမ်းငြိမ်းသူ (၂၅) နှစ် (ဘ) ဦးမြင့်သန်း၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နေ ဟိန်းသန့် (၁၉) နှစ် (ဘ) ဦးကျော်မင်းထွန်း၊ တစ်ရပ်ကွက်တည်းနေ ဇင်မင်းခန့် (ခ) တရုတ်ကြီး (၁၉) နှစ် (ဘ) ဦးမိုးခိုင်၊ အောင်မြင့်မြတ် (ခ) ဆုပင် (၁၈) နှစ် (ဘ) ဦးအောင်ကျော်ကျော်မျိုး၊ အောင်မြင့်မြတ် (ခ) အောင်ဆန်းဦး (၁၉) နှစ် (ဘ) ဦးဝေလင်းအောင်၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်နေ စိုင်းခွန်ကျော်ဇော (ခ) ခွန်ကျော် (၃၀) နှစ် (ဘ) ဦးမောင်မောင်ဆွေတို (၇) ဦးအား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုး/အသွား (၂၄) လက်မခန့်ရှိ ဓ-ားရှည် (၁) ချောင်း၊ အရိုး/ အသွား (၃၄) လက်မခန့်ရှိ ဓ-ားရှည် (၁)ချောင်း၊ အရှည် (၆) လက်မခန့်ရှိ ရဲဒင်း (၁) လက်၊ ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည့် ကော်ေ-သနတ်အနက်ရောင် (၁) လက်၊ Alphard အမျိုးအစား အနက်ရောင်ယာဉ်၊ SUZUKI အမျိုးအစားယာဉ် (၂) စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အရ နေအိမ်အတွင်းဝင်ရောက်ကာ ဓ-ားပြတိုက်လု ယက်မှုကျူးလွန်ခဲ့သူ ဇွဲထက် (ခ) ဇောင်းထက်ပါ ကျူးလွန်သူ (၇) ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
