မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အပိုင် ရန်ကုန် – မန္တလေး အမြန်လမ်းရှိ မိုင်တိုင်အမှတ် ၃၅၆ မှ စတင်၍ ရေများ ဝင်ရောက်လာသဖြင့် ကားအသွားအလာများ ယာယီရပ်ထားရကြောင်း ခရီးသည်များထံမှ စုံစမ်းသိရှိရသည်။
“အခုတော့ ရေကတဖြည်းဖြည်းနဲ့ တတ်လာနေတယ်။ ကားတော့ ခဏရပ်ထားရတယ်။ အခြေအနေ စောင့်ကြည့်ရမှာပေါ့။ ရန်ကုန်ကို ပြန်ဆင်းတဲ့ကားတွေတော့ ပိတ်မိနေတာပေါ့” ဟု မန္တလေးမှ ရန်ကုန်သို့ဆင်းလာသည့် ခရီးသည်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
လက်ရှိတွင် တံတားဦးမြို့နယ်အပိုင်ရှိ ကျေးရွာများမှ ပြည်သူများလည်း ရေဝင်ရောက်လာပြီဖြစ်သည့်အတွက် ဘေးလွတ်ရာသို့ စတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်းလည်း သိရသည်။
ယာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ကာ နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း (၁၀) မြို့ထက်မနည်း ရေနစ်မြုပ်လျက်ရှိပြီး ဒေသခံသိန်းနှင့်ချီကာ ရေဘေးသင့်နေကြောင်း ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လတွင်လည်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်မြို့ပေါင်း (၁၃) မြို့ထက်မနည်း ရေကြီးရေလျှံမှုကြောင့် လူဦးရေ (၃၉၃၀၀၀) ခန့် ရေဘေးသင့်ခဲ့ကြောင်း သိရသည်။










-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
