ပြီးခဲ့သည့် တစ်ပတ်အတွင်း COVID-19 ဖြစ်ပွားမှု ဂျာမနီနိုင်ငံတွင် ၃၁ ရာခိုင်နှုန်းနှင့် UK တွင် ၁၁ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ဆိုင်ရာ အပတ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းအစီရင်ခံစာအရ COVID-19 ဖြစ်ပွားမှု အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံတွင် ဖြစ်ပွားမှု မမြင့်တက်ခဲ့သော်လည်း ယခင်အပတ်နည်းတူဖြစ်ပွားခဲ့ပြီး တူရကီနိုင်ငံတွင် ဖြစ်ပွားမှု ကိုးရာခိုင်နှုန်း လျော့ကျကာ ဂျာမနီနှင့် UK တို့တွင် အသီးသီးမြင့်တက်ခဲ့သည်။
ဂျာမနီအစိုးရအဖွဲ့သစ်က ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအစီအမံသစ်များကို ချမှတ်ရန် ပြင်ဆင်နေစဉ် နိုင်ငံ၌စံချိန်တင် သေဆုံးမှုနှင့် ကူးစက်မှုများရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။
ဂျာမနီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူ စုစုပေါင်း ၁၀၀၀၀၀ ကျော်ရှိလာချိန်တွင် ယင်းသို့ စံချိန်တင် သေဆုံးမှုများနှင့် စံချိန်တင် ကူးစက်မှုများရှိလာခြင်း ဖြစ်သည်။
ဂျာမနီသည် အစောပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကို အခြားသော ဥရောပနိုင်ငံများထက် ပိုမိုကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ယခုအခါ ကူးစက်မှုများ ပြန်လည်မြင့်တက်လာသည့် ပြဿနာကို ရင်ဆိုင်နေရသည်။ ဂျာမနီဆေးရုံများရှိ အထူးကြပ်မတ်ကုသဆောင် ခုတင်များမှာ လျင်မြန်စွာပြည့်လျက်ရှိသည်။
ဥရောပတိုက်၏ အကြီးဆုံးစီးပွားရေးနိုင်ငံ ဂျာမနီ၌ နိုဝင်ဘာ ၂၄ ရက် တစ်ရက်အတွင်း သေဆုံးသူ ၃၅၁ ဦး ရှိခဲ့သဖြင့် ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူစုစုပေါင်း ၁၀၀၁၁၉ ဦး ရှိလာပြီဟု ပြည်သူ့ကျန်းမာရေးဌာန ရောဘတ်ကို့ချ် သိပ္ပံက ထုတ်ပြန်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ဖြင့် အပတ်စဉ် သေဆုံးမှုနှုန်း မြင့်တက်နေသည်ဟု ယင်းဌာနက ပြောကြားသည်။
အလားတူ ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှု အများဆုံးနိုင်ငံများထဲတွင် ပါဝင်သည့် ပေါ်တူဂီတွင် လာမည့် ဇန်နဝါရီလကုန်၌ လူဦးရေ၏ လေးပုံတစ်ပုံကို အားဖြည့်ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးက နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
အာဏာပိုင်များသည် လတ်တလောတွင် ရောဂါကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်နေမှုကို တားဆီးရန် ကြိုးပမ်းနေရသည်။ ပေါ်တူဂီတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေသည် နိုဝင်ဘာ ၂၄ ရက်က ကူးစက်သူ ၃၇၇၃ ဦးရှိခဲ့ကာ လေးလအတွင်း နေ့အလိုက် ကူးစက်မှု အများဆုံးဖြစ်ခဲ့သည်။
သို့ရာတွင် လူသေဆုံးမှုများသည် ကပ်ရောဂါဒဏ်ကို အဆိုးရွားဆုံးကြုံတွေ့ခဲ့ရသည့် ဇန်နဝါရီလတုန်းကထက် များစွာလျော့နည်းနေဆဲဖြစ်သည်။ ထို့ပြင် ရောဂါကူးစက်မှုနှုန်းသည်လည်း အနောက်ဥရောပနိုင်ငံ အများစုထက် သိသိသာသာ နည်းပါးနေဆဲဖြစ်ကြောင်း သိရသည်။
ပေါ်တူဂီတွင် လူဦးရေ၏ ၈၇ ရာခိုင်နှုန်းခန့်ကို ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီးဖြစ်ကာ အလွန်လျင်မြန်စွာဖြင့် ကာကွယ်ဆေးထိုးနှံပေးနိုင်မှုကြောင့်လည်း ချီးကျူးခံထားရသည်။
ပေါ်တူဂီတွင် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်အများစုကိုလည်း ဖြေလျှော့ပေးနိုင်ခဲ့သည်။ သို့ရာတွင် ဥရောပတစ်လွှား၌ နောက်ထပ် ကူးစက်မှုလှိုင်းနှင့် ရင်ဆိုင်ရလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
